မြန်မာ့သရေတူရိယာဗုံသုံးသားရေစျေးအတက်အကျရှိ

Summary : မြန်မာ့သရေတူရိယာဗုံများပြုလုပ်ရာတွင် သုံးသည့် သားရေ ဝယ်ယူရာတွင် တရုတ်ပို့ကုန်စျေးကွက်ပေါ် မူတည်၍ စျေးအတက် အကျရှိကြောင်း သိရသည်။

မြန်မာ့သရေတူရိယာဗုံများပြုလုပ်ရာတွင် သုံးသည့် သားရေ ဝယ်ယူရာတွင် တရုတ်စျေးကွက်ပေါ်

မူတည်၍ စျေးအတက်အကျရှိ

မြန်မာ့သရေတူရိယာဗုံသုံးသားရေစျေးအတက်အကျရှိ

မြန်မာ့သရေတူရိယာဗုံများပြုလုပ်ရာတွင် သုံးသည့် သားရေ ဝယ်ယူရာတွင် တရုတ်ပို့ကုန်စျေးကွက်ပေါ်
မူတည်၍ စျေးအတက် အကျရှိကြောင်း သိရသည်။

“ဗုံကြီးတွေအတွက်က မြို့ထဲ ရပ်ထဲ ရွာထဲမှာ လှဲတဲ့ခုတ်တဲ့ ကုက္ကိုပင်တွေကို လိုက်ဝယ်ပြီး လုပ်ရပါတယ်။ သားရေကိုတော့ လိုင်စင်ရသားသတ်ရုံကယူပြီး သားရေလှမ်းတဲ့သူဆီကတဆင့် ပြန်ဝယ်ရပါတယ်။ တရုတ်စျေးကွက် အဝယ်ရှိရင် သားရေစျေးတက်တယ်။ လတ်တလော တရုတ်ဝယ်လက်မရှိတော့ စျေးကျနေတယ်”ဟု ကိုဟိန်းထက် ကပြောသည်။

မြန်မာ့သရေတူရိယာဗုံများပြုလုပ်ရာတွင် ပစ္စည်းပေါ်မူတည်၍ စျေးအမျိုးမျိုးရှိကြောင်း မန္တလေးမြို့နေ ဗုံတူရိယာလုပ်ငန်းလုပ်ကိုင်သူ ကိုဟိန်းထက် ထံကသိရသည်။

မြန်မာ့သရေတူရိယာဗုံသုံးသားရေစျေးအတက်အကျရှိမြန်မာ့သရေတူရိယာဗုံသုံးသားရေစျေးအတက်အကျရှိမြန်မာ့သရေတူရိယာဗုံသုံးသားရေစျေးအတက်အကျရှိ

“ဆိုင်းဝိုင်းထဲက ဗုံ ၂၁လုံးစျေးက ပစ္စည်းပေါ်မူတည်ပြီး စျေးအမျိုးမျိုးရှိပါတယ်။ သစ်ယာနဲ့ကျက်ရင် ၆သိန်း၊ ဒီထက်အသားကောင်းတာနဲ့လုပ်ရင် ၁၀သိန်းလောက်ရှိပါတယ်။ ဂျပန်၊ မလေးရှား၊ ထိုင်းနဲ့ ဘရူနိုင်းနိုင်ငံတွေအထိ ပို့ပေးရတယ်။ နိုင်ငံခြားရောက် မြန်မာပညာရှင်တွေက မှာတဲ့အတွက် ပို့ပေးရတာပါ။ ကျွန်တော်က ဆိုင်းသမားဆိုတော့ ဆိုင်းသီးသန့်လုပ်တာပါ။ ဆိုင်းသုံး၊ အရပ်သုံးလုပ်တာပါ။ အရပ်ထဲက တကယ်ပစ္စည်းကောင်း တတ်နိုင်သူတွေကို လုပ်ပေးရတာပါ”ဟု ကိုဟိန်းထက် ကပြောသည်။

ဆိုင်းတစ်ဝိုင်းတွင် သားရေတူရိယာများအဖြစ် ဗုံ ၂၁လုံးပါပြီး ပတ်မထောင်(၆လုံးပတ်) ၆လုံး၊ ရန်ကုန်တွင် ၈လုံး၊ စခွန့်တစ်လုံး၊ ပတ်မတစ်လုံး၊ စည်တိုကြီးတချို့၄လုံး၊ တချို့၅လုံးနှင့် ဘင်ကြီးတစ်လုံး ပါဝင်ကြောင်း သိရသည်။

“အကောင်းသုံးချင်တဲ့သူတွေ အမှာရှိပါတယ်။ အချိန်တစ်လ နှစ်လ ယူလုပ်ရပါတယ်။ အမှာတွေအနေနဲ့ ၂လလောက် စောင့်ပေးရတယ်။ ကုန်ကြမ်းအနေနဲ့ အရင်က လျှိုတွေ မြောင်တွေ တောတွေမှာ လှဲထားတဲ့ အကာမပါတဲ့ပိတောက်သားတွေ မြေကြီးထဲမြုပ်နေတဲ့ တောပိတောက်တွေ လိုက်ရှာလုပ်ရတာပါ။ တစ်တောင်ရရ နှစ်တောင်ရရ လိုက်ရှာလုပ်ရတာပေါ့။ ကုန်ကြမ်းအနေနဲ့ လိုက်ဝယ်ရင် စျေးကြီးတယ်။ တစ်တန်ကို သိန်း ၃၀ကနေ ၄၅သိန်း အထိရှိတယ်။ ဗုံစျေးကွက်နဲ့ကျတော့ အဲဒီစျေးမလုပ်နိုင်တဲ့အတွက် တောထဲမှာ ရှာရတာပေါ့။ တောပိတောက်အစစ်က ဗုံလုပ်လို့ ကောင်းတာပေါ့” ဟု ကိုဟိန်းထက် ကပြောသည်။

စျာန်ထူးကို

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/03/31/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%b7%e1%80%9e%e1%80%9b%e1%80%b1%e1%80%90%e1%80%b0%e1%80%9b%e1%80%ad%e1%80%9a%e1%80%ac%e1%80%97%e1%80%af%e1%80%b6%e1%80%9e%e1%80%af%e1%80%b6/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3月 29, 2022 10:14 上午
下一篇 4月 1, 2022 11:21 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....