တောင်သမန်အင်းရေဆင်းကူးသောလူငယ်ရေနစ်သေဆုံး

Summary : မန္တလေးမြို့၊အမရပူရမြို့နယ်ရှိ ဦးပိန်တံတားအနီး တောင်သမန်အင်းအတွင်း မတ်လ ၂၉ ရက် နံနက် ၁၁ နာရီဝန်းကျင်က ရေဆင်းကူးသော အသက် ၁၅ နှစ်အရွယ် လူငယ်တစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

တောင်သမန်အင်းအတွင်း ရေဆင်းကူးသော လူငယ်တစ်ဦး ရေနစ်သေဆုံး

တောင်သမန်အင်းရေဆင်းကူးသောလူငယ်ရေနစ်သေဆုံး

မန္တလေးမြို့၊အမရပူရမြို့နယ်ရှိ ဦးပိန်တံတားအနီး တောင်သမန်အင်းအတွင်း မတ်လ ၂၉ ရက် နံနက် ၁၁ နာရီဝန်းကျင်က ရေဆင်းကူးသော အသက် ၁၅ နှစ်အရွယ် လူငယ်တစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

ရေနစ်သည့် ကာယကံရှင်မိသားစုဝင်များ၏ ဆက်သွယ်အကူအညီတောင်းခံမှုကြောင့် နယ်မြေခံအသင်းများနှင့် ပူးပေါင်းကာရှာဖွေကယ်ဆယ်မှုများ ပြုလုပ်ပေးခဲ့သော်လည်း ရေနစ်သူမှာ သေဆုံးသွားကြောင်း မြန်မာနိုင်ငံလှုမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)မှ ထုတ်ပြန်ထားသည်။

ရေနစ်သေဆုံးမှုဖြစ်စဉ်မှာ အမရပူရမြို့နယ်၊ရွှေဂွမ်းထုပ်ရပ်ကွက်နေသူ အသက်၁၅နှစ်အရွယ် မောင်နေမျိုးသူသည် တောင်သမန်အင်း၊ ကမ်မချီးချောင်းအတွင်း ရေဆင်းကူးရာမှ ရေနစ်သေဆုံးခဲ့ခြင်း ဖြစ်ပြီး သေဆုံးသူ၏ ရုပ်အလောင်းအား လူငယ်အားမန် လူမှုကူညီရေးယာဉ်ဖြင့် အမရပူရမြို့နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ရေနစ်သေဆုံးမှုနှင့်ပတ်သက်၍ အမရပူရမြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၄/၂၀၂၂ ရေးဖွင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်သမန်အင်းရေဆင်းကူးသောလူငယ်ရေနစ်သေဆုံး

ရှမ်းချန်

ဓာတ်ပုံ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/04/01/%e1%80%90%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%9e%e1%80%99%e1%80%94%e1%80%ba%e1%80%a1%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%b1%e1%80%86%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%b0%e1%80%b8/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3月 31, 2022 4:32 下午
下一篇 4月 2, 2022 11:23 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....