တရုတ်-မြန်မာကုန်သွယ်ရေးချောမွေ့စေရေး

Summary : တရုတ်-မြန်မာ ကုန်သွယ်ရေးချောမွေ့စေရေးလုပ်ငန်းအဖွဲ့ ဒုတိယအကြိမ်အစည်းအဝေးကျင်းပကို မတ်လ ၃၀ ရက်နေ့တွင် ဗီဒီယိုစနစ်ဖြင့်ကျင်းပခဲ့ရာ အစည်းအဝေးသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး စီးပွားရေးသံမှူး Mr. Tan Shufu တက်ရောက်ခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်ချက်အရ သိရသည်။

တရုတ်-မြန်မာ ကုန်သွယ်ရေးချောမွေ့စေရေးလုပ်ငန်းအဖွဲ့ ဒုတိယအကြိမ်အစည်းအဝေးကျင်းပ

တရုတ်-မြန်မာကုန်သွယ်ရေးချောမွေ့စေရေး

တရုတ်-မြန်မာ ကုန်သွယ်ရေးချောမွေ့စေရေးလုပ်ငန်းအဖွဲ့ ဒုတိယအကြိမ်အစည်းအဝေးကျင်းပကို မတ်လ ၃၀ ရက်နေ့တွင် ဗီဒီယိုစနစ်ဖြင့်ကျင်းပခဲ့ရာ အစည်းအဝေးသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး စီးပွားရေးသံမှူး Mr. Tan Shufu တက်ရောက်ခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်ချက်အရ သိရသည်။

အစည်းအဝေးတွင် နယ်စပ်ကုန်သွယ်ရေးချောမွေ့စေမှု၊ နယ်စပ်ဂိတ်များဖွင့်လှစ်မှု၊ စိုက်ပျိုးရေးထုတ်ကုန်များ စစ်ဆေးရေး၊ အစားထိုးစိုက်ပျိုးမှုနှင့် တရုတ်နိုင်ငံသို့တင်ပို့ရေး၊ ကုန်သွယ်ရေးနှင့် စာရင်းရှင်းမှု အဆင်ပြေချောမွေ့ရေး စသည့် အကြောင်းအရာများနှင့်စပ်လျဉ်း၍ ဆွေးနွေးဖလှယ်ခဲ့ကြသည်။

တရုတ်-မြန်မာကုန်သွယ်ရေးသည် ကပ်ရောဂါကြောင့် ဖြစ်ပေါ်ခဲ့သည့်အကျိုးသက်ရောက်မှုအား ကျော်ဖြတ်ကာ ရရှိခဲ့သည့်အောင်မြင်မှုများကို အသိအမှတ်ပြုခဲ့ကာ နောက်တစ်ဆင့်လုပ်ငန်း အစီအစဉ်အား အတည်ပြုခဲ့သည့်အပြင် လုပ်ငန်းအဖွဲ့ယန္တရားအား ကောင်းမွန်စွာအသုံးပြုရေး၊ နှစ်နိုင်ငံကုန်သွယ်ရေး တည်ငြိမ်စွာ တိုးတက်ရေးအား မြှင့်တင်ရေးအတွက် သဘောတူညီချက်များ ရရှိခဲ့ပါသည်။

မြသုခ

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/04/02/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba-%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%9e%e1%80%bd%e1%80%9a%e1%80%ba%e1%80%9b%e1%80%b1%e1%80%b8/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4月 2, 2022 11:24 下午
下一篇 4月 2, 2022 11:26 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....