လန်ချန်း-မဲခေါင်ရုပ်သေးပွဲတော် Vitual စနစ်ဖြင့် ကျင်းပ

Summary : မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းတစ်ခုဖြစ်သည့် လန်ချန်း-မဲခေါင်ရုပ်သေးပွဲတော် (Puppet Festival of Lancang-Mekong) ဖွင့်ပွဲအခမ်းအနားကို မတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းက မန္တလေးမြို့၊ မြနန်းဘုံစံရတနာပုံခန်းမတွင် Vitual စနစ်ဖြင့် ကျင်းပကြောင်း သိရသည်။

လန်ချန်း-မဲခေါင်ရုပ်သေးပွဲတော် မန္တလေးမြို့၊ မြနန်းဘုံစံရတနာပုံခန်းမတွင် Vitual စနစ်ဖြင့် ကျင်းပ

လန်ချန်း-မဲခေါင်ရုပ်သေးပွဲတော် Vitual စနစ်ဖြင့် ကျင်းပ

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းတစ်ခုဖြစ်သည့် လန်ချန်း-မဲခေါင်ရုပ်သေးပွဲတော် (Puppet Festival of Lancang-Mekong) ဖွင့်ပွဲအခမ်းအနားကို မတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းက မန္တလေးမြို့၊ မြနန်းဘုံစံရတနာပုံခန်းမတွင် Vitual စနစ်ဖြင့် ကျင်းပကြောင်း သိရသည်။

အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကိုယ်စားပြု ရုပ်သေးပညာရှင်ကြီးများနှင့် တာဝန်ရှိသူများ လန်ချန်း-မဲခေါင်းဒေသတွင်းနိုင်ငံများ ဖြစ်သော ကမ္ဘာဒီးယားနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လာအိုနိုင်ငံ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ရုပ်သေးပညာရှင်များ တက်ရောက်ကြသည်။

လန်ချန်း-မဲခေါင်ရုပ်သေးပွဲတော် Vitual စနစ်ဖြင့် ကျင်းပလန်ချန်း-မဲခေါင်ရုပ်သေးပွဲတော် Vitual စနစ်ဖြင့် ကျင်းပလန်ချန်း-မဲခေါင်ရုပ်သေးပွဲတော် Vitual စနစ်ဖြင့် ကျင်းပ

မဲခေါင်-လန်ချန်း မြစ်ဝှမ်းတစ်လျှောက် ရှေးယခင်ကတည်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် မဲခေါင်မြစ်ကို အမှီသဟဲပြု၍အတူတကွတည်ရှိခဲ့ကြပြီး ဒေသတွင်းအဖွဲ့ဝင်နိုင်ငံများ၏ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့်ရိုးရာရုပ်သေးပညာရပ်ကို ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် မြှင့်တင်ရေးတွင်ယခုခေတ် လူငယ်များသည်ရိုးရာရုပ်သေးပညာရပ်ကို စိတ်ဝင်စားမှုလျော့နည်းလာပြီး အခက်အခဲအချို့ကို ရင်ဆိုင်နေကြရသည့်အတွက်  ဒေသတွင်းနိုင်ငံများအနေနှင့်ရိုးရာရုပ်သေးပညာရပ်ကို မျှဝေရန်နှင့် ရိုးရာဓလေ့များကို ဒေသတွင်းနိုင်ငံများနှင့် လူငယ်များကို အသိပညာမြှင့်တင်ပေးရန် လိုအပ်လျက်ရှိကြောင်း၊ ရုပ်သေးပွဲတော်မှ တစ်ဆင့် မဲခေါင် – လန်ချန်း ဒေသတွင်း နိုင်ငံများရှိ အနုပညာရှင် လူငယ်များအကြား အချင်းချင်း အပြန်အလှန် ချစ်ခင်ယုံကြည်မှု၊ တစ်ဦး၏ ယဉ်ကျေးမှုကို တစ်ဦးက အပြန်အလှန် လေးစားတန်ဖိုးထားမှု၊ အချင်းချင်းအတူတကွ ပူးပေါင်းဆောင်ရွက်တတ်မှု၊ အတွေးအမြင်သစ်များ အပြန်အလှန် ဖလှယ်နိုင်မှုများ တိုးတက်ရရှိပါစေကြောင်းနှင့်ရုပ်ေသးပွဲတော် ကျင်းပသည့် ကဏ္ဍအားလုံး အောင်မြင်ပါစေရန် ဆုမွန်ကောင်းတောင်း လိုက်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက Vitual စနစ်ဖြင့် အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ရုပ်သေးပွဲတော်တွင် မဲခေါင်-လန်ချန်း ဒေသတွင်းရှိ အဖွဲ့ဝင် (၆) နိုင်ငံမှ ရုပ်သေးပညာရှင်များ ပါဝင်ကြပြီး မတ်(၃၀) ရက်မှ (၃၁) ရက်အထိ ကျင်းပခြင်းဖြစ်ပြီး မြန်မာ့ရုပ်သေးအကအစီအစဉ်များဖြစ်သော နတ်ကတော်အက၊ ဇော်ဂျီအက၊ အရုပ်နှင့်လူကကြိုးတူအကနှင့် လန်ချန်း-မဲခေါင်ဂုဏ်ပြုသီချင်း (ရုပ်သေးအက) တို့ဖြင့် တင်ဆက်သည်။ မွန်းလွဲပိုင်းတွင် သက်ဆိုင်ရာနိုင်ငံအသီးသီးမှ ရုပ်သေးပညာရှင်များက မိမိတို့ရုပ်သေးပညာရပ်များကို ဖော်ထုတ်ထိန်းသိမ်းကာ ရုပ်သေးအနုပညာ အရည်အသွေးများ မြင့်မားလာစေရန်နှင့် ရိုးရာရုပ်သေးပညာများကို မြတ်နိုးလာစေရန် ဆောင်ရွက်နေခြင်းနှင့် ပတ်သက်၍ စာတမ်းများ ဖတ်ကြားဆွေး‌နွေးကြောင်း သိရသည်။

ရွှေနွယ်ကြိုး

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/04/02/%e1%80%9c%e1%80%94%e1%80%ba%e1%80%81%e1%80%bb%e1%80%94%e1%80%ba%e1%80%b8-%e1%80%99%e1%80%b2%e1%80%81%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%9b%e1%80%af%e1%80%95%e1%80%ba%e1%80%9e%e1%80%b1%e1%80%b8/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4月 2, 2022 11:25 下午
下一篇 4月 2, 2022 11:29 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....