စစ်ကိုင်းတွင်တရားမဝင်ကုန်သွယ်မှုများနေ့စဉ်စစ်ဆေး

Summary : စစ်ကိုင်းတိုင်းဒေသကြီး ကလေး၊ ရွှေဘို၊ စစ်ကိုင်းနှင့် မုံရွာမြို့များတွင် စစ်ဆေးရေးဂိတ် (၄) ခုဖြင့် တရားမဝင်ကုန်သွယ်မှု အထူးတိုက်ဖျက်ရေးအဖွဲ့များ ဖွဲ့စည်းကာ နေ့စဉ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် စစ်ဆေးရေးဂိတ် (၄) ခုဖြင့် တရားမဝင်ကုန်သွယ်မှုများ နေ့စဉ် စစ်ဆေးဆောင်ရွက်လျက်ရှိ

စစ်ကိုင်းတွင်တရားမဝင်ကုန်သွယ်မှုများနေ့စဉ်စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ကလေး၊ ရွှေဘို၊ စစ်ကိုင်းနှင့် မုံရွာမြို့များတွင် စစ်ဆေးရေးဂိတ် (၄) ခုဖြင့် တရားမဝင်ကုန်သွယ်မှု အထူးတိုက်ဖျက်ရေးအဖွဲ့များ ဖွဲ့စည်းကာ နေ့စဉ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကုန်စည်များ တရားမဝင် ကုန်သွယ်ရောင်းဝယ်မှုပပျောက်စေရန်နှင့် နိုင်ငံတော်မှ ရသင့်သည့် အခွန်အခများရရှိစေရန် ရည်ရွယ်၍ နေ့စဉ်စစ်ဆေး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တရားမဝင်ကုန်သွယ်မှု အထူးတိုက်ဖျက်ရေးအဖွဲ့တွင် တိုင်းအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်အကောက်ခွန်များဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ ဝန်ထမ်းများဖြင့် ပါဝင်ဖွဲ့စည်းထားခြင်း ဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၂ခုနှစ်၊ မတ်လအတွင်း ဖမ်းဆီးရရှိမှုများအနေဖြင့် ဘိန်းဖြူ၊ စိတ်ကြွဆေးပြား၊ ဆေးခြောက်၊ တရားမဝင်သစ်မျိုးစုံ၊ တိရိစ္ဆာန်(နွား)၊ ဂျုံမှုန့်၊ အင်ဂျင်စက်၊ လိုင်စင်မဲ့မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ နှင့် တရားမဝင်ကျောက်စိမ်းအရိုင်းတုံးများကို ဖမ်းဆီးရရှိပြီး မတ်လအတွင်း ဖမ်းဆီးရရှိသည့်အမှုပေါင်း (၆၂) မှုမှ ကာလတန်ဖိုးအားဖြင့် (၁၅၈၆၉၉၅၄၀) ကျပ်ရှိကြောင်း သိရသည်။

စျာန်ထူးကို

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/04/02/%e1%80%85%e1%80%85%e1%80%ba%e1%80%80%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%90%e1%80%9b%e1%80%ac%e1%80%b8%e1%80%99%e1%80%9d%e1%80%84%e1%80%ba%e1%80%80/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4月 1, 2022 11:21 下午
下一篇 4月 2, 2022 11:24 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....