ပြည်ပသို့ဆန်တင်ပို့မှုဒေါ်လာငါးသန်းကျော်လျော့ကျ

Summary : ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့မှုမှ ဒေါ် လာ ၂၃၃ သန်းကျော် ရရှိပြီး ယခင်ဘဏ္ဍာနှစ် ပထမသုံးလပတ်နှင့် နှိုင်းယှဉ်ပါက ဒေါ်လာငါးသန်းကျော် လျော့ကျခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြည်ပသို့ဆန်တင်ပို့မှု ယခင်ဘဏ္ဍာနှစ် ပထမသုံးလပတ်နှင့်နှိုင်းယှဉ်ပါက ဒေါ်လာငါးသန်းကျော် လျော့ကျမှုရှိ

ပြည်ပသို့ဆန်တင်ပို့မှုဒေါ်လာငါးသန်းကျော်လျော့ကျ

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့မှုမှ ဒေါ် လာ ၂၃၃ သန်းကျော် ရရှိပြီး ယခင်ဘဏ္ဍာနှစ် ပထမသုံးလပတ်နှင့် နှိုင်းယှဉ်ပါက ဒေါ်လာငါးသန်းကျော် လျော့ကျခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့မှုမှ ဒေါ်လာ ၂၃၃ ဒသမ ၅ သန်း ရရှိခဲ့သည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း ဆန်တင်ပို့မှုမှ ဒေါ်လာ ၂၃၈ ဒသမ ၉ သန်း ရရှိခဲ့သည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပင်လယ်ရေကြောင်းမှတစ်ဆင့် ပြည်ပသို့ မြန်မာ့ဆန်တန်ချိန် တစ်သိန်းခန့် တင်ပို့ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံသို့ တန်ချိန် ၃၃,၀၀၀ ကျော်ဖြင့် အများဆုံးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖေဖော်ဝါရီလအတွင်း ပင်လယ်ရေကြောင်းမှ ဆန်တန်ချိန် တစ်သိန်းခန့် တင်ပို့မှုမှ ဒေါ်လာ ၃၃ သန်း ခန့် ရရှိခဲ့သည်။ ဆန်တင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ တန်ချိန် ၄၁၈၀၀ ကျော်၊ အာဖရိကနိုင်ငံများသို့ တန်ချိန် ၃၅၃၀၀ ခန့်နှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ တန်ချိန် ၂၂၃၀၀ ကျော် တင်ပို့နိုင်ခဲ့သည်။

ဖေဖော်ဝါရီ ၁ ရက်မှ ၂၈ ရက် အထိအတွင်း မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှ တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှု တန်ချိန် ၁၁,၀၀၀ ကျော်နှင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ၁၅ တန်ခန့်ဖြင့် စုစုပေါင်း နယ်စပ်လမ်းကြောင်းမှ ဆန်တင်ပို့မှု တန်ချိန် ၁၁၀၀၀ ကျော် တင်ပို့မှုမှ ဒေါ်လာ ၃ ဒသမ ၅၄၅ သန်းခန့် ရရှိခဲ့သည်။ ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံမှ ဆန်တင်ပို့မှု တန်ချိန် ၁၁၀၆၀၀ ကျော်၊ တန်ဖိုး ဒေါ်လာ ၃၆ ဒသမ ၅၄၅ သန်း ကျော်ရရှိခဲ့သည်။

ဖေဖော်ဝါရီလအတွင်း ပင်လယ်ရေကြောင်းမှ ဆန်ကွဲတန်ချိန် ၇၅၀၀၀ ကျော် တင်ပို့မှုမှ တန်ဖိုး ဒေါ်လာ ၂၂ ဒသမ ၇၉၁ သန်းကျော် ရရှိခဲ့သည်။ ဆန်ကွဲတင်ပို့မှု အများဆုံးနိုင်ငံများမှာ တရုတ်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂၈၆၀၀ ကျော်၊ အင်ဒိုနီးရှားနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၃၃၁၀ ခန့်၊ စင်ကာပူနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂၀၀ ကျော်၊ ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၃၅၈၇၀ ကျော်နှင့် စပိန်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၇၀၀၀ ခန့် တင်ပို့ခဲ့သည်။ ဖေဖော်ဝါရီ ၁ ရက်မှ ၂၈ ရက်အထိ ကာလအတွင်း မြန်မာ-တရုတ် နယ်စပ်မှ ဆန်ကွဲတန်ချိန် ၄၀၀၀ ကျော် နှင့် မြန်မာ-ထိုင်းနယ်စပ်မှ ဆန်ကွဲ တန်ချိန် ၁၇၀၀ ကျော်၊ စုစုပေါင်း နယ်စပ်မှ ဆန်ကွဲတန်ချိန် ၆၀၀၀ ခန့်တင်ပို့မှုမှ တန်ဖိုး ဒေါ်လာ ၁ ဒသမ ၇၈၁ သန်းကျော် ရရှိခဲ့သည်။ ဖေဖော်ဝါရီလအတွင်း ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှ ဆန်ကွဲတန် ချိန် ၈၀၀၀၀ ကျော်၊ ဒေါ်လာသန်း ၂၄ ဒသမ ၅၇၂ ခန့် ရရှိခဲ့ကြောင်း သိရသည်။

ရွှေနွယ်ကြိုး

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/04/02/%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%95%e1%80%9e%e1%80%ad%e1%80%af%e1%80%b7%e1%80%86%e1%80%94%e1%80%ba%e1%80%90%e1%80%84%e1%80%ba%e1%80%95%e1%80%ad%e1%80%af%e1%80%b7%e1%80%99%e1%80%be%e1%80%af/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4月 2, 2022 11:29 下午
下一篇 4月 4, 2022 8:47 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....