e-visaလျှောက်ထားခြင်းဧပြီ၁ရက်နေ့စတင်

Summary : ဧပြီလ ၁ ရက်နေ့မှ စတင်ပြီး အွန်လိုင်းမှတစ်ဆင့် အီးဗီဇာ(e-visa)လျှောက်ထားခြင်းကို စတင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ မတ်လ ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

အွန်လိုင်းမှ အီးဗီဇာ(e-visa) လျှောက်ထားခြင်း ဧပြီ ၁ ရက်နေ့တွင် စတင်ဆောင်ရွက်နိုင်မည်

e-visaလျှောက်ထားခြင်းဧပြီ၁ရက်နေ့စတင်

ဧပြီလ ၁ ရက်နေ့မှ စတင်ပြီး အွန်လိုင်းမှတစ်ဆင့် အီးဗီဇာ(e-visa)လျှောက်ထားခြင်းကို စတင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ မတ်လ ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်း လျော့နည်းကျဆင်းလာသည့်အပြင် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူပြုနိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ဧပြီလ ၁၇ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံသို့ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ရာ Online e-Visa စနစ်အား ပြန်လည်စတင်ဆောင်ရွက်ခြင်းဖြစ်သည်။

Online e-Visa လျှောက်ထားရယူမှုများအား ၂ဝ၁၄ ခုနှစ် စက်တင်ဘာလ (၁) ရက်နေ့မှစတင်၍ ဆောင်ရွက်ခဲ့ပြီး ၂ဝ၂ဝ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ဆိုင်ရာ ကူးစက်ရောဂါပြန့်ပွားမှုနှုန်း မြင့်မားလာချိန်တွင် မြန်မာနိုင်ငံသို့လာရောက်သည့် ခရီးသွားများအပေါ် ကြိုတင်ကာကွယ်မှု ဆောင်ရွက်သည့်အနေဖြင့် ၂ဝ၂ဝ ခုနှစ် မတ်လ ၂ဝ ရက်နေ့မှ စတင်၍ ယာယီရပ်ဆိုင်းထားခဲ့သဖြင့်
ထိုအချိန်မှစ၍ နှစ် နှစ်ကျော်ကြာခဲ့ပြီဖြစ်သည်။

ဧပြီလ ၁၇ ရက်နေ့မှစတင်ပြီး နိုင်ငံတကာလေကြောင်းလိုင်းများအား မြန်မာနိုင်ငံသို့ ဝင်ရောက်ခွင့် ပြန်လည်ပေးချိန်တွင် မြန်မာနိုင်ငံသို့ ဝင်ရောက်လာသူများအား ကွာရတင်းကာလကို လျော့ချပေးမည်ဟု ထုတ်ပြန်ထားသည်။

ကောင်းကောင်း

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/04/02/e-visa%e1%80%9c%e1%80%bb%e1%80%be%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%91%e1%80%ac%e1%80%b8%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%a7%e1%80%95%e1%80%bc%e1%80%ae%e1%81%81%e1%80%9b/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4月 2, 2022 11:23 下午
下一篇 4月 2, 2022 11:25 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....