တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာ ရထားစတင်ထွက်ခွာ

Summary : ရပ်ဝန်းနှင့်ပိုးလမ်းမ (BRI) စီမံကိန်း၏ အစိတ်အပိုင်းဖြစ်သည့် ကုန်းလမ်း-ရေကြောင်း လမ်းကြောင်းသစ် ဖြစ်သော တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာ အပြည်ပြည်ဆိုင်ရာပူးတွဲသယ်ယူပို့ဆောင်ရေးရထား (ချုံချင့်-ရန်ကုန်-အိန္ဒိယသမုဒ္ဒရာ) သည် ဧပြီလ ၂ ရက်နေ့တွင် ချုံချင့်မီးရထားကွန်တိန်နာစင်တာမှ အောင်မြင်စွာ စတင်ထွက်ခွာခဲ့ကြောင်း သိရသည်။

တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာ အပြည်ပြည်ဆိုင်ရာပူးတွဲသယ်ယူပို့ဆောင်ရေးရထား အောင်မြင်စွာ စတင်ထွက်ခွာ

 

တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာ ရထားစတင်ထွက်ခွာ

ရပ်ဝန်းနှင့်ပိုးလမ်းမ (BRI) စီမံကိန်း၏ အစိတ်အပိုင်းဖြစ်သည့် ကုန်းလမ်း-ရေကြောင်း လမ်းကြောင်းသစ် ဖြစ်သော တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာ အပြည်ပြည်ဆိုင်ရာပူးတွဲသယ်ယူပို့ဆောင်ရေးရထား (ချုံချင့်-ရန်ကုန်-အိန္ဒိယသမုဒ္ဒရာ) သည် ဧပြီလ ၂ ရက်နေ့တွင် ချုံချင့်မီးရထားကွန်တိန်နာစင်တာမှ အောင်မြင်စွာ စတင်ထွက်ခွာခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ ချုံချင့်မှထုတ်လုပ်သော မော်တော်ဆိုင်ကယ်တွဲဖက်ပစ္စည်းများ သယ်ဆောင်လာသည့် အပြည်ပြည်ဆိုင်ရာပူးတွဲသယ်ယူပို့ဆောင်ရေးရထားသည် ယူနန်ပြည်နယ် မိုဟန်မှတစ်ဆင့် လာအိုနိုင်ငံတွင်းသို့ ဝင်ရောက်ပြီးနောက် ဗီယင်ကျန်း၌ ကုန်းလမ်းပို့ဆောင်ရေးသို့ ပြောင်းကာ ထိုင်းနိုင်ငံမှတစ်ဆင့် ဖြတ်သန်းပြီး နောက်ဆုံးတွင် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ရောက်ရှိသည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာ ရထားစတင်ထွက်ခွာ

အဆိုပါ ကုန်းလမ်း-ရေကြောင်း လမ်းကြောင်းသစ်၏ တရုတ်ဘက်ခြမ်း ရထားလမ်းပိုင်းကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဩဂုတ် ၂၆ ရက်နေ့က ဖွင့်လှစ်ခဲ့ပြီး “တရုတ်ယူနန်-မြန်မာရန်ကုန်-အိန္ဒိယသမုဒ္ဒရာကွန်တိန်နာပင်လယ်ရေကြောင်း-ကားလမ်း-ရထားလမ်း ပူးတွဲပို့ဆောင်မှု လမ်းကြောင်းသစ်”ကိုအသုံးပြုကာ ပထမဆုံးအသုတ်အဖြစ် တတိယနိုင်ငံမှ ကုန်ပစ္စည်းကွန်တိန်နာများသည် ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် ချင်းရွှေဟော်နယ်စပ် ဂိတ်သို့ရောက်ရှိပြီး တရုတ်နိုင်ငံသို့ပြည်ဝင်ကာ နောက်သုံးရက်အကြာ၌ နောက်ဆုံးခရီးပန်းတိုင်ဖြစ်သည့် တရုတ်နိုင်ငံချန်တူးမြို့သို့ ရောက်ရှိပြီး ကုန်တင်ကုန်ချကို စင်္ကာပူမှ မြန်မာနိုင်ငံရန်ကုန်ဆိပ်ကမ်းသို့ ပို့ဆောင်ကာ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးမှတဆင့် ယူနန်ပြည်နယ် လင်ချန်းသို့ ၀င်ရောက်ခဲ့ကြောင်း သိရသည်။

မြသုခ

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/04/04/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba-%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac-%e1%80%a1%e1%80%ad%e1%80%94%e1%80%b9%e1%80%92%e1%80%ad%e1%80%9a%e1%80%9e%e1%80%99%e1%80%af%e1%80%92/

(1)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4月 2, 2022 11:31 下午
下一篇 4月 5, 2022 9:26 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....