တရုတ်ကမြန်မာသို့ထောက်ပံ့သောCOVID-19ဆေး၄၁သန်းကျော်ရှိ

Summary : ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားချိန်မှစ၍ လက်ရှိအချိန်အထိ တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ ထောက်ပံ့သော ကိုဗစ်-၁၉ Vaccine စုစုပေါင်းအရေအတွက်မှာ ၄၁ သန်းကျော်ရှိပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်သည်။

လက်ရှိအချိန်အထိ တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ ထောက်ပံ့သော ကိုဗစ်-၁၉ ကာကွယ်ဆေးပေါင်း ၄၁ သန်းကျော်ရှိပြီဖြစ်

တရုတ်ကမြန်မာသို့ထောက်ပံ့သောCOVID-19ဆေး၄၁သန်းကျော်ရှိ

ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားချိန်မှစ၍ လက်ရှိအချိန်အထိ တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ ထောက်ပံ့သော ကိုဗစ်-၁၉ Vaccine စုစုပေါင်းအရေအတွက်မှာ ၄၁ သန်းကျော်ရှိပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်သည်။

ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားချိန်မှစ၍ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံသို့ Vaccine ၊ အောက်ဆီဂျင်စက်နှင့် နှာခေါင်းစည်း စသည့်ကပ်ရောဂါကာကွယ်ရေးပစ္စည်းများ ဆက်တိုက် လှူဒါန်းပေးခဲ့ပြီး မြန်မာနိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းကို ပံ့ပိုးကူညီခဲ့သည်။

တရုတ်ကမြန်မာသို့ထောက်ပံ့သောCOVID-19ဆေး၄၁သန်းကျော်ရှိ

ဧပြီလ ၂ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနသို့ အရေးပေါ်လှူဒါန်းသော ကိုဗစ်-၁၉ Vaccine ဆေးထိုးအပ် အခုရေ ၂ သန်းကို မူဆယ်၌ မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ယူနန်ပြည်နယ်မှ မြန်မာနိုင်ငံသို့ လှူဒါန်းသော ကိုဗစ်-၁၉ Vaccine ဆေးထိုးအပ် အခုရေ ၁ သန်းကိုလည်း တပြိုင်တည်း လွှဲပြောင်းပေးအပ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုအကြိမ် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ အရေးပေါ်လှူဒါန်းသော ကိုဗစ်-၁၉ Vaccine ဆေးထိုးအပ် အခုရေ ၃ သန်းသည် မြန်မာနိုင်ငံ၏ Vaccine ဆေးထိုးအပ် လိုအပ်နေမှုအခြေအနေကို ပြေလျော့စေကာ မြန်မာနိုင်ငံတွင် Vaccine ထိုးနှံမှုလုပ်ငန်း အရှိန်မြှင့်ရန် အားဖြည့်ပေးပြီး မြန်မာပြည်သူများအတွက် ခုခံအား အကာအကွယ်ကို ပိုမိုကောင်းမွန်စွာ တည်ဆောက်နိုင်မည် ဖြစ်သည်ဟု တရုတ်သံရုံးက ထုတ်ပြန်သည်။

ကောင်းကောင်း

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/04/05/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%80%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%9e%e1%80%ad%e1%80%af%e1%80%b7%e1%80%91%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%95/

(1)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4月 5, 2022 9:26 上午
下一篇 4月 6, 2022 4:01 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....