ချုံချင်းမြို့၌မြန်မာကောင်စစ်ဝန်ချုပ်ရုံးထူထောင်

Summary : တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင်းမြို့၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကောင်စစ်ဝန်ချုပ်ရုံးထူထောင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ တရုတ်နိုင်ငံသို့ မတ်လ ၃၁ ရက်မှ ဧပြီလ ၂ ရက်အထိ သွားရောက်ခဲ့သည့် အလုပ်သဘောခရီးစဉ် အတွင်း တရားဝင်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင်းမြို့၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကောင်စစ်ဝန်ချုပ်ရုံး ထူထောင်

ချုံချင်းမြို့၌မြန်မာကောင်စစ်ဝန်ချုပ်ရုံးထူထောင်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင်းမြို့၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကောင်စစ်ဝန်ချုပ်ရုံးထူထောင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ တရုတ်နိုင်ငံသို့ မတ်လ ၃၁ ရက်မှ ဧပြီလ ၂ ရက်အထိ သွားရောက်ခဲ့သည့် အလုပ်သဘောခရီးစဉ် အတွင်း တရားဝင်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုခရီးစဉ်အတွင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးဝဏ္ဏမောင်လွင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိနှင့် တွေ့ဆုံခဲ့ပြီးနောက် နိုင်ငံခြားရေးဝန်ကြီးများ ဦးဆောင်သည့် နိုင်ငံဆွေးနွေးပွဲ ကျင်းပခဲ့သည်။

နှစ်နိုင်ငံဆွေးနွေးပွဲအပြီးတွင် နိုင်ငံခြားရေးဝန်ကြီးများရှေ့မှောက်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး တို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင်းမြို့၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကောင်စစ်ဝန်ချုပ်ရုံးထူထောင်ကြောင်း တရားဝင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် နိုင်ငံခြားရေးဝန်ကြီးများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တို့အကြား စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်နှင့် မြန်မာနိုင်ငံမှ ငှက်ပျောသီးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တင်ပို့ရန် အပင်ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်သဘောတူစာချုပ်များ လဲလှယ်ခဲ့သည်။

စီးပွားရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်အရ တရုတ်နိုင်ငံမှ ယွမ်သန်း (၆၅၀)ကို မြန်မာအတွက် ကူညီထောက်ပံ့သွားရန်ရှိကြောင်းနှင့် ငှက်ပျောသီး တင်ပို့ရန် အပင်ကျန်းမာရေးဆိုင်ရာ လိုအပ်ချက် သဘောတူစာချုပ်အရ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ငှက်ပျောသီးတင်ပို့မှု အခွင့်အလမ်းများ ပိုမိုရရှိမည်ဖြစ်ကြောင်း သိရသည်။

ကောင်းကောင်း

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/04/06/%e1%80%81%e1%80%bb%e1%80%af%e1%80%b6%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%b8%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%81%8c%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%80/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4月 6, 2022 4:01 下午
下一篇 4月 6, 2022 4:04 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....