နိုင်ငံခြားငွေကို ၁ ရက်အတွင်းကျပ်ငွေဖြင့်လဲလှယ်ရမည်

Summary : ပြည်တွင်း၌ နေထိုင်သူများ၏ ပြည်ပက နိုင်ငံခြားသုံးငွေဖြင့် ရရှိလာသည့် ဝင်ငွေများကို မြန်မာကျပ်ငွေအဖြစ် လဲလှယ်ရောင်းချပေးရမည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပြင်ဆင်ပြဌာန်းလိုက်ကြောင်း သိရသည်။

ပြည်ပမှ ဝင်ရောက်သည့် နိုင်ငံခြားငွေများကို (၁) ရက်အတွင်း ကျပ်ငွေဖြင့် လဲလှယ်ရမည်ဟု ဗဟိုဘဏ်ထုတ်ပြန်

နိုင်ငံခြားငွေကို ၁ ရက်အတွင်းကျပ်ငွေဖြင့်လဲလှယ်ရမည်

ပြည်တွင်း၌ နေထိုင်သူများ၏  ပြည်ပက နိုင်ငံခြားသုံးငွေဖြင့် ရရှိလာသည့် ဝင်ငွေများကို မြန်မာကျပ်ငွေအဖြစ် လဲလှယ်ရောင်းချပေးရမည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပြင်ဆင်ပြဌာန်းလိုက်ကြောင်း သိရသည်။

ယခု အမိန့်စာတွင် ကျပ်ငွေသို့ ပြောင်းလဲခြင်းအတွက် သတ်မှတ်နှုန်းထားမှာ ကန်တစ်ဒေါ်လာလျှင် မြန်မာကျပ် ၁၈၅၀ ဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်သည်။

နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၁၁၊ ၁၂ နှင့် ပုဒ်မ ၁၃ ပါ သတ်မှတ်ပြဌာန်းချက်တွေအရ နိုင်ငံခြားငွေကို မြန်မာနိုင်ငံအတွင်း ပြန်လည်ပေးပို့ပြီး နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များတွင် နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါညွှန်ကြားချက်သည် ဧပြီလ ၃ ရက်နေ့မှ စတင်အကျိုးသက်ရောက်မှုရှိပြီး အဆိုပါရက်မတိုင်ခင် ဝင်ရောက်ထားသည် နိုင်ငံခြားသုံးငွေများကိုလည်း ယခုညွှန်ကြားချက်အတိုင်း ဆောင်ရွက်ရမည်ဖြစ်ကာ ကင်းလွတ်ခွင့်ပြုမယ့် ကိစ္စရပ်များ ပေါ်ပေါက်ပါက သီးခြားထုတ်ပြန် ဆောင်ရွက်ပေးမည်ဟု ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်းက ထုတ်ပြန်ချက် တွင် ထည့်သွင်းပြောကြားထားသည်။

၂၀၂၁ အောက်တိုဘာ ၃ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ပို့ကုန်ရငွေများကို ရက် ၃၀ အတွင်း AD လိုင်စင်ရ ဘဏ်များထံ ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းချရမည့် ညွှန်ကြားချက်အမိန့်စာကို ပယ်ဖျက်လိုက်ကြောင်း သိရသည်။

ဆောင်ရွက်ခွင့်ရှိသည့် AD လိုင်စင်ရဘဏ်များအနေဖြင့် ပြည်ပက နိုင်ငံခြားသုံးငွေဖြင့် ဝင်ရောက်သည့် ကုန်သွယ်မှုမှရငွေ၊ ကုန်သွယ်မှုမဟုတ်သော ရငွေများကို မြန်မာကျပ်ငွေအဖြစ် ပြောင်းလဲခြင်းအပေါ် ကန်တစ်ဒေါ်လာအတွက် မြန်မာကျပ် ၁၈၅၀ ဖြင့် လဲလှယ်ပေးရမည် ဖြစ်သည်။

အခြား Currency များအတွက် နိုင်ငံခြားငွေလဲလှယ်နှုန်းကို အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ် ၁၈၅၀ ဖြင့် အခြေခံတွက်ချက်ထားသည့် ပူးတွဲပါအတိုင်း ဆောင်ရွက်ရမည်ဖြစ်ပြီး ငွေလဲလှယ်နှုန်း အပြောင်းအလဲရှိပါက ဗဟိုဘဏ်အနေဖြင့် ထပ်မံညွှန်ကြားသွားမည်ဖြစ်ကြောင်းထုတ်ပြန်ထားပြီး နိုင်ငံခြားသုံးငွေ ပြည်ပသို့ လွှဲပြောင်းခြင်းကို နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၏ ခွင့်ပြုချက်ဖြင့်သာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

ရွှေနွယ်ကြိုး

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/04/06/%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%84%e1%80%b6%e1%80%81%e1%80%bc%e1%80%ac%e1%80%b8%e1%80%84%e1%80%bd%e1%80%b1%e1%80%80%e1%80%ad%e1%80%af-%e1%81%81-%e1%80%9b%e1%80%80%e1%80%ba%e1%80%a1/

(1)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4月 6, 2022 4:02 下午
下一篇 4月 9, 2022 9:34 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....