ပို့ကုန်ပဲများ အမြင့်ဈေးဖြင့် အရောင်းအဝယ် ကောင်းနေ

Summary : ဗဟိုဘဏ်၏ ဒေါ်လာငွေအပေါ် မူဝါဒ အပြောင်းအလဲကြောင့် ပဲနှမ်းဈေးကွက် အတွင်း အရောင်းအဝယ် ခေတ္တရပ်တန့်သွားသော်လည်း ပို့ကုန်ပဲများ အမြင့်ဈေးဖြင့် အရောင်းအဝယ် ပြန်ကောင်းနေကြောင်း ပဲကုန်သည်များ ထံမှသိရသည်။

ဒေါ်လာငွေ မူဝါဒ အပြောင်းအလဲနှင့်အတူ ပို့ကုန်ပဲများ အမြင့်ဈေးဖြင့် အရောင်းအဝယ် ကောင်းနေ

ပို့ကုန်ပဲများ အမြင့်ဈေးဖြင့် အရောင်းအဝယ် ကောင်းနေ

ဗဟိုဘဏ်၏ ဒေါ်လာငွေအပေါ် မူဝါဒ အပြောင်းအလဲကြောင့် ပဲနှမ်းဈေးကွက် အတွင်း အရောင်းအဝယ် ခေတ္တရပ်တန့်သွားသော်လည်း ပို့ကုန်ပဲများ အမြင့်ဈေးဖြင့် အရောင်းအဝယ် ပြန်ကောင်းနေကြောင်း ပဲကုန်သည်များ ထံမှသိရသည်။

ပြည်ပ မှဝင်ရောက်သည့် နိုင်ငံခြားငွေများကို တစ်ရက် အတွင်း သတ်မှတ်နှုန်း တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁၈၅၀ ဖြင့် လဲလှယ်ရောင်းချရမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ဧပြီ ၃ ရက်နေ့တွင် ထုတ်ပြန်လိုက်ရာ  ပြည်တွင်းမှ ပို့ကုန်သမားများ အရောင်းအဝယ် ရပ်တန့်သွားခဲ့ရသည်။ ပို့ကုန်သမား အများစုမှာ တင်ပို့ကုန်ကို ကြိုတင်ဝယ်ယူသိုလှောင် တင်ပို့ကြတာမျိုးဖြစ်၍ ယခုလို ရုတ်တရက် သက်မှတ်လိုက်ခြင်းက ပို့ကုန်သမားများအပေါ်ထိခိုက်မှုများရှိကြောင်း ပြောဆိုနေကြသည်။ သို့သော်လည်း အိန္ဒိယနိုင်ငံ၏ ပဲလိုအပ်ချက်ကြောင့် ပို့ကုန်ပဲများမှာ အရောင်းအဝယ်ပြန်လည်းကောင်းမွန်လာကြောင်းနှင့် ပို့ကုန်ပဲများ အမြင့်ဈေး ပြန်ဖြစ်လာကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ)က ပြောသည်။

“ဗဟိုဘဏ်က ငွေကြေးမှုဝါဒ အပြောင်းအလဲ ဖြစ်တဲ့ တစ်ရက်တည်း ပဲမျိုးစုံ အရောင်းအဝယ် အေး၊ ဈေးတွေ ထိုးကျသွားပေမယ့်  ဧပြီ ၅ ရက်နေ့ကစပြီး ပို့ကုန်ပဲတွေ ဈေးပြန်တက်လာတယ်။ အဓိက ဈေးပြန်တက်ရတာကတော့ အိန္ဒိယနိုင်ငံက ပဲလိုအပ်ချက်များနေတော့ ဝယ်လိုအားကောင်းနေတယ်။ ပို့ကုန်မတ်ပဲတွေ တစ်အိတ်ကျပ် ၁၀၀၀၀ ကျော် ဈေးပြုတ်ကျတာကနေ ချက်ခြင်း ဈေးပြန်တက်လာတာ သုံးတင်းတစ်အိတ် ကျပ် ၁၃၇၀၀၀ ပေါက်ဈေး ပြန်ဖြစ်လာတယ်။ ဗွီးတူးကုလားပဲ တစ်အိတ် ကျပ် ၁၃၁၀၀၀ ပေါက်ဈေးနဲ့ ကုလားပဲအုပ်စုလည်း ဈေးပြန်မြင့်တက်လာတယ်။ ပို့ကုန်ပဲတွေကတော့ ဈေးပြန်မြင့်တက်လာပေမယ့် ပြည်တွင်းသုံး ပဲမာလိုင်းများကတော့ ပုံမှန်ဈေးမှာဘဲ ပေါက်ဈေးရှိနေပါတယ်။ ဒေါ်လာဈေးသက်မှတ်ချက် သတင်းထွက်ပေါ်လာပြီး ၂ ရက်လောက် ဈေးအေး အရောင်းအဝယ် ရပ်သွားပေမယ့် ပို့ကုန်ပဲတွေကတော့  အမြင့်ဈေးကောင်းနဲ့ အဝယ်ပြန်သွတ်နေပါပြီ” ဟု ၎င်းကပြောသည်။

ရွှေနွယ်ကြိုး

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/04/09/%e1%80%95%e1%80%ad%e1%80%af%e1%80%b7%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%95%e1%80%b2%e1%80%99%e1%80%bb%e1%80%ac%e1%80%b8-%e1%80%a1%e1%80%99%e1%80%bc%e1%80%84%e1%80%b7%e1%80%ba%e1%80%88%e1%80%b1/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4月 6, 2022 4:04 下午
下一篇 4月 9, 2022 9:36 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....