မုံရွာအိမ်ခြံမြေစျေးကွက်တွင်ကျယ်နေ

Summary : မုံရွာမြို့ အိမ်ခြံမြေစျေးကွက်သည် ယခုတစ်ပတ်တာကာလအတွင်း နေထိုင်ရန်ထက် ဝယ်လိုက်ရောင်းလိုက်က အရောင်းအဝယ်တွင်ကျယ်နေကြောင်း မုံရွာမြို့ အိမ်ခြံမြေအကျိုးဆောင် ကိုတင်ထွန်းဝင်း ထံမှသိရသည်။

မုံရွာမြို့ အိမ်ခြံမြေစျေးကွက်အတွင်း နေထိုင်ရန်ထက် ဝယ်လိုက်ရောင်းလိုက်က အရောင်းအဝယ် တွင်ကျယ်နေ

မုံရွာအိမ်ခြံမြေစျေးကွက်တွင်ကျယ်နေ
မုံရွာမြို့ အိမ်ခြံမြေစျေးကွက်သည် ယခုတစ်ပတ်တာကာလအတွင်း နေထိုင်ရန်ထက် ဝယ်လိုက်ရောင်းလိုက်က အရောင်းအဝယ်တွင်ကျယ်နေကြောင်း မုံရွာမြို့ အိမ်ခြံမြေအကျိုးဆောင် ကိုတင်ထွန်းဝင်း ထံမှသိရသည်။

“မုံရွာမြို့ အိမ်ခြံမြေစျေးကွက်က အခုတစ်ပတ်အတွင်း နေဖို့ထက် ဝယ်လိုက်ရောင်းလိုက် လုပ်တာများပါတယ်။ ငွေမကိုင်ချင်တာရော၊ ဘဏ်ထဲငွေမထားချင်တာရောကြောင့် ဒီတစ်ပတ်အတွင်း အရောင်းအဝယ်လုပ်သူတွေ ပိုများလာတယ်။ သိန်း၂၀၀ကနေ ၅၀၀ တွေများပြီး ထောင်ဂဏန်းလည်း ပါပါတယ်။ များတာကတော့ အမြတ်ရရင် ပြန်ရောင်းမယ့် ဝယ်လိုက်ရောင်းလိုက်တွေ များနေတာပါ” ဟု ကိုတင်ထွန်းဝင်း ကပြောသည်။

မုံရွာအိမ်ခြံမြေစျေးကွက်တွင်ကျယ်နေမုံရွာအိမ်ခြံမြေစျေးကွက်တွင်ကျယ်နေ

မုံရွာမြို့တွင် လက်ရှိ အရောင်းအဝယ်ဖြစ်နေသည်မှာ ချမ်းမြဝတီရပ်၊ မြို့သစ်ရပ်နှင့် နန္ဒဝန်ရပ်များဖြစ်ပြီး စက်မှုဇုန်ရပ်လည်း ရံဖန်ရံခါ အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ ရန်ကင်းရပ်၊ ဘုန်းစိုးရပ်၊ မြဝတီရပ်ကွက်၊ သလ္လာရပ်ကွက်နှင့် အခြားရပ်ကွက်များတွင် အခြေချနေထိုင်မည့်သူများ ဝယ်ကြပြီး မြို့သစ်ရပ်တွင် ယခုတစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှု များနေကြောင်းသိရသည်။

“စျေးနှုန်းတွေက ဂရန်ပါပြီးသား၊ မြေပေးမိန့်စလစ်ပါပြီးသားက ပေ၄၀×ပေ၆၀ ကို သိန်း၂၂၀ နဲ့ ၂၃၀ ကစယူတယ်။ နန္ဒဝန်ရပ်မှာပါ။ မြို့သစ်မှာ သိန်း ၂၀၀ ပတ်လည်မရတော့ဘူး။ ပေ၄၀×ပေ၈၀ဆိုရင် သိန်း၃၇၀ကနေ သိန်း၄၀၀ထိပေါက်နေတယ်။ ချမ်းမြဝတီဖက်မှာဆိုရင် ဂရန်စလစ်ပါပြီးသား ၃၇ပေ×ပေ၅၀ကို သိန်း၂၂၀၊ ၂၃၀ ဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်နေတာပါ” ဟု ကိုတင်ထွန်းဝင်းကပြောသည်။

အောင်မင်္ဂလာရပ်၊ ဆူးလေကုန်းရပ်၊ အလယ်ရပ်၊ ဘုရားကြီးရပ် စသည့် မြို့လယ်ရပ်ကွက်များတွင် ပြန်ရောင်းရန်ထက် စီးပွားရေးလုပ်မည့်သူများ ဝယ်ကြရာ ဗိုလ်ချုပ်လမ်း၊ ကျောက်ကာလမ်းပေါ်တွင် ယခုတစ်ပတ်အတွင်း သိန်းသောင်းဂဏန်းဖြင့် အရောင်းအဝယ်ဖြစ်ထားသည်များရှိကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။

“ပြီးခဲ့တဲ့ ဖေဖော်ဝါရီ၊ မတ်လထက် အခုဧပြီလမှာ အရောင်းအဝယ် များလာတယ်။ စျေးကွက်ကောင်းနေတယ်။ ရွှေစျေး ၂၃သိန်းဖြစ်တုန်းကတော့ အိမ်ဝန်းမရောင်းကြတာများတယ်။ အခုရွှေစျေးသိန်း ၂၀ ဝန်းကျင်မှာ အရောင်းအဝယ် ပြန်ဖြစ်လာတယ်။ ဒါပေမယ့် တချို့ရပ်ကွက်တွေမှာ မရောင်းဖြစ်တဲ့ အိမ်ဝင်းတွေလည်း များတယ်” ဟု ကိုတင်ထွန်းဝင်းက သုံးသပ်ပြောကြားသည်။

စျာန်ထူးကို

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/04/09/%e1%80%99%e1%80%af%e1%80%b6%e1%80%9b%e1%80%bd%e1%80%ac%e1%80%a1%e1%80%ad%e1%80%99%e1%80%ba%e1%80%81%e1%80%bc%e1%80%b6%e1%80%99%e1%80%bc%e1%80%b1%e1%80%85%e1%80%bb%e1%80%b1%e1%80%b8%e1%80%80%e1%80%bd/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4月 9, 2022 9:34 下午
下一篇 4月 14, 2022 2:34 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....