တရုတ်-မြန်မာစီးပွားရေးစင်္ကြံတတိယအကြိမ်အစည်းအဝေး

တရုတ်-မြန်မာစီးပွားရေးစင်္ကြံ ပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့ တတိယအကြိမ် အစည်းအဝေးကျင်းပ

တရုတ်-မြန်မာစီးပွားရေးစင်္ကြံတတိယအကြိမ်အစည်းအဝေး

တရုတ်-မြန်မာစီးပွားရေးစင်္ကြံပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့ တတိယအကြိမ် အစည်းအဝေးအား ဧပြီလ ၇ ရက်နေ့တွင် ဗီဒီယိုစနစ်ဖြင့် ကျင်းပခဲ့ကြောင်း တရုတ်သံရုံးက သတင်းထုတ်ပြန်သည်။

အစည်းအဝေးကို မြန်မာနိုင်ငံ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်နှင့် တရုတ်နိုင်ငံပို့ဆောင်ရေးဝန်ကြီးဌာန နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Li Guanyu ၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး စီးပွားရေးသံမှူး Mr. Tan Shufu တက်ရောက်ခဲ့ကြောင်း သိရသည်။

နှစ်ဦးနှစ်ဖက်သည် စီးပွားရေးစင်္ကြံကနဦး ပြီးစီးသည့်စီမံကိန်းစာရင်းများပါ ကားလမ်းမကြီး၊ ရထားလမ်း၊ ဆိပ်ကမ်းစီမံကိန်းနှင့် တရုတ်-မြန်မာအပြည်ပြည်ဆိုင်ရာပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ၊ ရေကြောင်းပညာရေးနှင့်လေ့ကျင့်ရေး၊ တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာ ပင်လယ်-ကုန်းကြောင်း-ရထားလမ်း ပူးတွဲပို့ဆောင်ရေး လမ်းကြောင်းသစ် စသည့်အကြောင်းအရာများနှင့်စပ်လျဉ်း၍ ပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြပြီး နှစ်နိုင်ငံ ပို့ဆောင်ရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် သဘောတူညီချက်များ ရရှိခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်-မြန်မာစီးပွားရေးစင်္ကြံ စီမံကိန်းအမည်ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ထိုစဉ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်တွင် လာရောက်တွေ့ ဆုံချိန်အတွင်း တရားဝင်အဆိုပြုခဲ့ပြီးနောက် နှစ်နိုင်ငံအကြား တရားဝင်ဆွေးနွေးမှုများကို ပြုလုပ်ခဲ့ကာ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ နားလည်မှုစာချွန်လွှာကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် နောက်ဆုံးအကြိမ်အဖြစ် ဆွေးနွေးအချောသတ်နိုင်ခဲ့ကြောင်း သိရသည်။

မြသုခ

  •  

 

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/04/14/196f58ab1e/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4月 9, 2022 9:36 下午
下一篇 4月 16, 2022 10:27 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....