နှစ်သစ်ကူးရုံးပိတ်ရက်ကာလတွင် ဆိပ်ကမ်းဝန်ဆောင်မှုများ ပိတ်ရက်မရှိ

နှစ်သစ်ကူးရုံးပိတ်ရက်ရှည်ကာလတွင် ဆိပ်ကမ်းဝန်ဆောင်မှုများ ပိတ်ရက်မရှိ ဆောင်ရွက်ပေးမည်

နှစ်သစ်ကူးရုံးပိတ်ရက်ကာလတွင် ဆိပ်ကမ်းဝန်ဆောင်မှုများ ပိတ်ရက်မရှိ

နှစ်သစ်ကူးရုံးပိတ်ရက်ရှည်ကာလဖြစ်သည့် ဧပြီ ၉ ရက်မှ ၁၇ ရက်အထိ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ ပုံမှန်လည်ပတ်နိုင်ရေးအတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ရန်ကုန်ဆိပ်ကမ်းရှိ ဆိပ်ကမ်းတံတားများ အားလုံး၏ ဆိပ်ကမ်းဝန်ဆောင်မှုများအား ပိတ်ရက်မရှိ ဆောင်ရွက်ပေးသွားမည်ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အသိပေးကြေညာထားကြောင်း သိရသည်။

နှစ်သစ်ကူးရုံးပိတ်ရက်ကာလတွင် ဆိပ်ကမ်းဝန်ဆောင်မှုများ ပိတ်ရက်မရှိ

ထို့ပြင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ရေကြောင်းဌာနမှ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်သင်္ဘောကြီးများပိြ ပိတ်ရက်မရှိ နေ့/ည(၂၄/၇) အန္တရာယ်ကင်းစွာ ဝင်/ထွက်ပေးသွားမည် ဖြစ်ပြီး အဆိုပါကာလအတွင်း ရေယာဉ်ကြီးများ အရေးပေါ်ဝင်/ထွက်/ရွှေ့ပြောင်းရန် လိုအပ်ပါက ရေကြောင်းဌာနမှူးချုပ်၊ ဖုံး – ၀၉၅၀၀၁၆၂၁ မှ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာချက်တွင် ဖော်ပြထားသည်။

 

ထို့အတူ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ကိုယ်စားလှယ်လုပ်ငန်းဌာနမှလည်း ဧပြီ ၁၁ ရက်၊ ၁၃ ရက်နှင့် ၁၅ ရက်များတွင် ရုံးချိန်အတွင်း Delivery Order (DO)များကို ထုတ်ပေးသွားမည်ဖြစ်ကာ သွင်းကုန်ပစ္စည်းများ အမြန်ထုတ်ယူနိုင်ရေးနှင့် ပို့ကုန်ပစ္စည်းများ အဆင်ပြေချောမွေ့ စွာ တင်ပို့နိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည် ဖြစ်သည်ဟု အသိပေးထားသည်။

 

ထိုသို့ ဆောင်ရွက်ပေးရာတွင် လိုအပ်ပါက ကိုယ်စားလှယ်လုပ်ငန်းဌာန၏ ဒုတိယအထွေထွေမန်နေဂျာ ဖုန်း ၀၉၅၁၁၇၁၀၂ ၊ မန်နေဂျာ၊ ဌာနခွဲ(၁)ဖုန်း ၀၉၂၅၀၂၇၈၇၆၃ ၊ မန်နေဂျာ၊ဌာနခွဲ(၂)ဖုန်း ၀၉၉၇၅၂၃၂၉၉၉ ၊ မန်နေဂျာ၊ဌာနခွဲ(၃)ဖုန်း ၀၉၄၄၈၀၁၇၄၃၇ တို့သို့ဆက်သွယ်နိုင်သည်ဟုဆိုသည်။

 

ထို့ပြင် ကုန်သေတ္တာ တင်ပို့/ထုတ်ယူခြင်းလုပ်ငန်းများ ပြုလုပ်ရာတွင်လည်း ကုန်သေတ္တာဆိပ်ကမ်းတံတား အလိုက် အေးရှားဝေါလ်/ထီးတန်းဆိပ် ကမ်းတံတား(AWPT/HPT) ဖုန်း ၀၉၂၅၄၀၂၁၆၆၀ ၊ ၀၉၄၂၁၀၂၉၃၂၅ နှင့် ၀၉၅၄၂၀၁၁၁ ၊ မြန်မာ့စက်မှုဆိပ်ကမ်းတံတား (MIP) ဖုန်း ဝ၉၄၂၁၀၁၄ဝ၃၅ နှင့် မြန်မာအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတံတားသီလဝါ (MITT) ဖုန်း ၀၉၉၇၇၂၄၆၈၀၈ ၊ ၀၉၉၇၇၂၄၆၆၈၀ တို့သို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ထုတ်ပြန်အသိပေးကြေညာထားသည်။

 

ရှမ်းချန်

 

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/04/14/92349dc4ae/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4月 9, 2022 9:36 下午
下一篇 4月 16, 2022 10:27 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....