ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးElectronic မှတ်တမ်းလျှောက်ထားနိုင်

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုး Electronic မှတ်တမ်း (English Version) အား ကျန်းမာရေးဝန်ကြီးဌာန၏ ဝက်ဆိုဒ်တွင် လျှောက်ထားရယူနိုင်

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးElectronic မှတ်တမ်းလျှောက်ထားနိုင်

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး Electronic မှတ်တမ်း (COVID-19 Vaccination Electronic Certificate) (English Version) အား ကျန်းမာရေးဝန်ကြီးဌာန၏ ဝက်ဆိုဒ်ဖြစ်သည့် c19vc.moh.gov.mm မှတဆင့် လျှောက်ထားရယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ မှတ်တမ်းသည် အပြည်ပြည်ဆိုင်ရာခရီးသွားလာမှုအတွက် မည်သည့် မိုဘိုင်းဖုန်း/တက်ဘလက် နှင့်မဆို အသုံးပြုနိုင်သည့် QR code ပါရှိသည်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုး Electronic မှတ်တမ်း (English Version) ကို လျှောက်ထားနိုင်သူများမှာ  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးသူ၊ ကာကွယ်ဆေးထိုးအချက်အလက်များအား Vaccination Management Information System-VMIS စနစ်တွင် စာရင်းမှတ်တမ်းသွင်းပြီး VMIS စနစ်မှ မြန်မာဘာသာဖြင့် ထုတ်ပေးသည့် QR code, Check ID ပါသည့် ကာကွယ်ဆေးထိုးမှတ်တမ်း ရှိသူတို့ ဖြစ်သည်။

 

Online စနစ်ဖြင့် လျှောက်ထားသူများသည် အမည်၊ အဘအမည်၊ Passport No.၊ VMIS စနစ်မှ မြန်မာဘာသာဖြင့် ထုတ်ပေးသည့် ကာကွယ်ဆေးထိုးမှတ်တမ်းပေါ်ရှိ Check ID (CHK_ID) နှင့် ဖုန်းနံပတ် စသည့်အချက်များကို ဖြည့်သွင်းရပါမည်ဖြစ်ပြီး လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား (အရှေ့ဘက်)၊ Passport ၏ Bio data ပါသည့် စာမျက်နှာနှင့် VMIS-မြန်မာဘာသာဆေးထိုးမှတ်တမ်း ဓါတ်ပုံများ တွဲ၍ လျှောက်ထားရမည်ဖြစ်သည်။

 

အချက်အလက်များဖြည့်သွင်းပြီးပါက mobile payment ဖြင့် လျှောက်ထားသူ တစ်ဦးလျှင် ငွေ(၅,၀၀၀)ကျပ် ပေးသွင်းရမည်ဖြစ်ပြီး mobile payment အသုံးပြုမှုအတွက် transaction charge (၂၀၀)ကျပ်ပေးသွင်းရမည် ဖြစ်ကာ CB Pay, Myanmar Citizen Pay, UABPay, KBZ Pay တို့အသုံးပြု၍ ငွေပေးသွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

 

ကိုခန့်

 

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/04/14/d86628b9aa/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4月 9, 2022 9:36 下午
下一篇 4月 16, 2022 10:27 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....