လူစုဝေးခွင့် ကန့်သတ်ချက်အမိန့် ပယ်ဖျက်ပြီ
လူစုဝေးခြင်းအတွက် ကန့်သတ်ချက်အမိန့်အား ဧပြီ ၁၇ ရက် (မြန်မာ နှစ်ဆန်းတစ်ရက်နေ့) မှစတင်၍ ပယ်ဖျက်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ ဧပြီလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် ခြွင်းချက်ပြုဖော်ပြထားသော ကိစ္စရပ်များမှအပ လူ ၄၀၀ ဦးအထိ မတ်လ ၁၆ ရက်နေ့မှစ၍ စုဝေးခွင့်ပြုကြောင်း ပြင်ဆင်ထုတ်ပြန်ခဲ့သည်။
ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေအပေါ် သုံးသပ်ချက်အရ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်တွေ့ရှိမှု၊ ပိုးတွေ့နှုန်းနှင့် သေဆုံးနှုန်းတို့မှာ သိသာစွာကျဆင်းလာခြင်း တို့ကြောင့် အဆိုပါ လူစုဝေးခြင်းအတွက် ကန့်သတ်ချက်အမိန့်အား ပယ်ဖျက်လိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/04/16/%e1%80%9c%e1%80%b0%e1%80%85%e1%80%af%e1%80%9d%e1%80%b1%e1%80%b8%e1%80%81%e1%80%bd%e1%80%84%e1%80%b7%e1%80%ba-%e1%80%80%e1%80%94%e1%80%b7%e1%80%ba%e1%80%9e%e1%80%90%e1%80%ba%e1%80%81%e1%80%bb%e1%80%80/