ချမ်းသာကြီးဘုရား(၃၉)ကြိမ်မြောက်နွားဘေးမဲ့ပွဲ

Summary : မြန်မာနှစ်သစ်ကူး နှစ်ဆန်း(၁)ရက်နေ့ နံနက်က မုံရွာမြို့အလယ်ရပ် ချမ်းသာကြီးဘုရား၏ (၃၉)ကြိမ်မြောက် နွားဘေးမဲ့ပွဲအတွက် နွား(၇)ကောင် ဝယ်ယူအသက်ကယ်နိုင်ကြောင်း ချမ်းသာကြီးဘုရား ဂေါပက ဘဏ္ဍရေးမှူး ဦးတင့်လွင် ထံမှသိရသည်။

မုံရွာမြို့အလယ်ရပ် ချမ်းသာကြီးဘုရား (၃၉)ကြိမ်မြောက် နွားဘေးမဲ့ပွဲ နွား(၇)ကောင် ဝယ်ယူအသက်ကယ်

ချမ်းသာကြီးဘုရား(၃၉)ကြိမ်မြောက်နွားဘေးမဲ့ပွဲ

မြန်မာနှစ်သစ်ကူး နှစ်ဆန်း(၁)ရက်နေ့ နံနက်က မုံရွာမြို့အလယ်ရပ် ချမ်းသာကြီးဘုရား၏ (၃၉)ကြိမ်မြောက် နွားဘေးမဲ့ပွဲအတွက် နွား(၇)ကောင် ဝယ်ယူအသက်ကယ်နိုင်ကြောင်း ချမ်းသာကြီးဘုရား ဂေါပက ဘဏ္ဍရေးမှူး ဦးတင့်လွင် ထံမှသိရသည်။

ချမ်းသာကြီးဘုရား(၃၉)ကြိမ်မြောက်နွားဘေးမဲ့ပွဲ

“ဒီနှစ် ၃၉ကြိမ်မြောက် ချမ်းသာကြီးဘုရား ဇီဝိတဒါန နွားဘေးမဲ့ပွဲရဲ့ နှစ်ဆန်း ၁ ရက်နေ့ အသက်ကယ်ခဲ့တာ နွား ၇ ကောင်ပါ။ မိတွဲလေး ၂ တွဲပါတာပေါ့။ နွားကလေး ၂ ကောင်၊ နွားကြီး ၅ ကောင်ပါ။ မိတွဲလေးတစ်တွဲရဲ့ နွားမကြီးက မျက်စိသိပ်မသန်ဘူးပေါ့။ သူတို့တတွေရဲ့ အကျိုးတရား အကြောင်းတရားတွေလို့ ပြောချင်ပါတယ်။ ၇ကောင်ကယ်ခဲ့တာ (၄၂)သိန်းကျပါတယ်။ အရင်တိုင်းနှစ်တွေလို အများကြီး မကယ်နိုင်ဘူးပေါ့ဗျာ” ဟု ဦးတင့်လွင် ကပြောသည်။

ပြီးခဲ့သည့် (၃၈)ကြိမ်မြောက်တွင် နွားအကောင်(၃၀)၏ အသက်ကိုကယ်တင်ခဲ့ပြီး ပထမအကြိမ်မှ ပြီးခဲ့တဲ့ (၃၈)ကြိမ်အထိ ကျပ်(၁၁၃၂)သိန်းကျော်တန်ဖိုးရှိ နွား(၈၆၇)ကောင်၏ အသက်ကို ကယ်ခဲ့ကြောင်းသိရသည်။ ဇီဝိတဒါနနွားဘေးမဲ့ပွဲတော်ကြီးကို မုံရွာမြို့ အလယ်ရပ် ချမ်းသာကြီးဘုရားဂေါပကအဖွဲ့မှ နှစ်စဥ် နှစ်ဆန်း(၁)ရက်နေ့ရောက်တိုင်း ကျင်းပလာခဲ့ရာ ပြီးခဲ့သည့်(၁၃၈၃)ခုနှစ် တစ်နှစ်သာ ဘေးမဲ့အလှူပွဲ မကျင်းပဖြစ်ခဲ့ခြင်း ဖြစ်သည်။
ယခု(၃၉)ကြိမ်မြောက်တွင် အလှုခံရလာသောအသက်ကယ်နွား(၇)ကောင်နှင့် နွားစာအလှူငွေများကို ပြီးခဲ့သည့် (၃၈)ကြိမ်မြောက်က လှူခဲ့သည့် စစ်ကိုင်းမြို့နယ်၊ ဒီပဲယင်းကွဲဘေးမဲ့ခြံသို့ နှစ်ဆန်း(၃)ရက် (ဧပြီလ ၁၉ ရက်)တွင် ပို့ဆောင်ဘေးမဲ့ပေးမည်ဖြစ်ကြောင်း သိရသည်။

စျာန်ထူးကို

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/04/17/%e1%80%81%e1%80%bb%e1%80%99%e1%80%ba%e1%80%b8%e1%80%9e%e1%80%ac%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%98%e1%80%af%e1%80%9b%e1%80%ac%e1%80%b8%e1%81%83%e1%81%89%e1%80%80%e1%80%bc%e1%80%ad%e1%80%99/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4月 17, 2022 9:42 上午
下一篇 4月 20, 2022 12:28 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....