Shenzhou-13 မော်ကျူး ကမ္ဘာမြေသို့ အောင်မြင်စွာ ဆင်းသက်

Summary : အာကာသစခန်းတွင် ၁၈၂ ရက်ကြာနေထိုင်ပြီးနောက် ဒေသစံတော်ချိန် ဧပြီလ ၁၆ ရက်နေ့ နံနက် ၇ နာရီ ၂၆ မိနစ်တွင် တရုတ်နိုင်ငံ၏ လူလိုက်ပါသော အာကာသယာဉ် Shenzhou-13 မော်ကျူးသည် တုန်းဖုန်း ဆင်းသက်ရေးစခန်း၏ သတ်မှတ်ဇုန်၌ အောင်မြင်စွာ ဆင်းသက်ခဲ့ကြောင်း သတင်းများအရ သိရသည်။

တရုတ်နိုင်ငံ၏ လူလိုက်ပါသော အာကာသယာဉ် Shenzhou-13 မော်ကျူး ကမ္ဘာမြေသို့ အောင်မြင်စွာ ဆင်းသက်

Shenzhou-13 မော်ကျူး ကမ္ဘာမြေသို့ အောင်မြင်စွာ ဆင်းသက်

အာကာသစခန်းတွင် ၁၈၂ ရက်ကြာနေထိုင်ပြီးနောက် ဒေသစံတော်ချိန် ဧပြီလ ၁၆ ရက်နေ့ နံနက် ၇ နာရီ ၂၆ မိနစ်တွင် တရုတ်နိုင်ငံ၏ လူလိုက်ပါသော အာကာသယာဉ် Shenzhou-13 မော်ကျူးသည် တုန်းဖုန်း ဆင်းသက်ရေးစခန်း၏ သတ်မှတ်ဇုန်၌ အောင်မြင်စွာ ဆင်းသက်ခဲ့ကြောင်း သတင်းများအရ သိရသည်။

အဆိုပါ Shenzhou-13 အာကာသယာဉ်တွင် အမျိုးသမီး အာကာသယာဉ်မှူး ဝမ်ရာဖိန် အပါအဝင် အာကာသယာဉ်မှူးများဖြစ်သော ကျိုက်ကျစ်ကန်း နှင့် ယဲ့ကွမ်းဖုတို့ သုံးဦးသည် Tiangong အာကာသစခန်းတွင် ခြောက်လကြာနေထိုင်ခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံ၏ လူလိုက်ပါသော အာကာသအစီအစဉ်၌ အာကာသတွင် အချိန်အကြာဆုံးနေထိုင်ခြင်းလည်း ဖြစ်သည်။

Shenzhou-13 မော်ကျူး ကမ္ဘာမြေသို့ အောင်မြင်စွာ ဆင်းသက်Shenzhou-13 မော်ကျူး ကမ္ဘာမြေသို့ အောင်မြင်စွာ ဆင်းသက်Shenzhou-13 မော်ကျူး ကမ္ဘာမြေသို့ အောင်မြင်စွာ ဆင်းသက်Shenzhou-13 မော်ကျူး ကမ္ဘာမြေသို့ အောင်မြင်စွာ ဆင်းသက်

အာကာသစခန်းတွင် ၎င်းတို့၏ ခြောက်လကြာနေထိုင်စဉ်အတွင်း အာကာသယာဉ်မှူးများသည် စမ်းသပ်မှုပေါင်း ၂၀ ကျော် ပြုလုပ်ခဲ့ပြီး အနာဂတ်တိုးချဲ့မှုအတွက်လည်း ပြင်ဆင်ခဲ့ကာ အာကာသအတွင်း လမ်းလျှောက်ခြင်း နှစ်ကြိမ်ကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

Shenzhou 13 အာကာသယာဉ်သည် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် အာကာသထဲသို့ လွှတ်တင်ခဲ့ပြီး ခြောက်နာရီခွဲအကြာတွင် Tiangong အာကာသစခန်း၏ Tianhe core module နှင့် ဆိုက်ကပ်ခဲ့ကြောင်း သိရသည်။

ကိုခန့်

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/04/17/shenzhou-13-%e1%80%99%e1%80%b1%e1%80%ac%e1%80%ba%e1%80%80%e1%80%bb%e1%80%b0%e1%80%b8-%e1%80%80%e1%80%99%e1%80%b9%e1%80%98%e1%80%ac%e1%80%99%e1%80%bc%e1%80%b1%e1%80%9e%e1%80%ad%e1%80%af%e1%80%b7/

(1)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4月 16, 2022 10:28 上午
下一篇 4月 17, 2022 11:15 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....