တရုတ်နိုင်ငံမှAuto Disable syringe များလှူဒါန်း

တရုတ်နိုင်ငံမှ ယွမ် ၈၈၅,၀၀၀ တန်ဖိုးရှိ Auto Disable syringe ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးအပ်များလှူဒါန်း

တရုတ်နိုင်ငံမှAuto Disable syringe များလှူဒါန်း

တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး နှင့် ယူနန်ပြည်နယ်အစိုးရမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် ယွမ် ၈၈၅,၀၀၀ တန်ဖိုးရှိ Auto Disable syringe ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးအပ်များသည် မတ် ၃၀ ရက်နေ့က မူဆယ်မြို့ ၊ ဝမ်တိမ်နယ်စပ် ဂိတ်သို့ ရောက်ရှိခဲ့ပြီး မူဆယ်ခရိုင်၊ပြည်သူ့ဆေးရုံအုပ်ကြီးမှ လက်ခံရယူခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး မှ လှူဒါန်းသည့် ယွမ် ၅၉၀,၀၀၀ တန်ဖိုးရှိ Auto Disable syringe (၂)သန်းနှင့် ယူနန်ပြည်နယ် အစိုးရ မှလှူဒါန်းသည့် ယွမ် ၂၉၅,၀၀၀ တန်ဖိုးရှိ Auto Disable syringe (၁)သန်း, စုစုပေါင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးအပ် (၃)သန်းတို့ ဖြစ်သည်။

တရုတ်နိုင်ငံမှAuto Disable syringe များလှူဒါန်း

အဆိုပါ ကာကွယ်ဆေးထိုးအပ်များသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရနှင့် ယူနန်ပြည်နယ် အစိုးရမှ မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးအစီအစဉ်အရ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် နှင့် မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်းကာ ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများအား အောင်မြင်စွာ ဆက်လက် အကောင်အထည်ဖော်ဆောင်ရန် ရည်ရွယ်၍ လှူဒါန်းခြင်းကြောင်း သိရသည်။

မြသုခ

  •  

 

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/04/20/8f9bb5c952/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4月 17, 2022 11:15 下午
下一篇 4月 23, 2022 3:44 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....