စစ်ကိုင်းမြို့တွင်လေပြင်းကြောင့်သစ်ပင်ကျိုးကျ

စစ်ကိုင်းမြို့တွင် လေပြင်းကြောင့် သစ်ပင်ကျိုးကျခြင်းများဖြစ်ခဲ့

စစ်ကိုင်းမြို့တွင်လေပြင်းကြောင့်သစ်ပင်ကျိုးကျ

ဧပြီလ ၁၈ ရက်နေ့ ညပိုင်းက တိုက်ခတ်သောလေပြင်းကြောင့် စစ်ကိုင်းမြို့တွင် သစ်ပင်ကျိုးကျခြင်းနှင့်အတူ ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့တွင်လေပြင်းကြောင့်သစ်ပင်ကျိုးကျစစ်ကိုင်းမြို့တွင်လေပြင်းကြောင့်သစ်ပင်ကျိုးကျစစ်ကိုင်းမြို့တွင်လေပြင်းကြောင့်သစ်ပင်ကျိုးကျ

ထိုသို့ ပျက်စီးမှုများမှ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ပိုးတန်းရပ်ကွက်တွင် စိန်ပန်းပင် (၁)ပင်၊ မန်ကျည်းပင် (၁)ပင်၊ နန္ဒဝန်ရပ်ကွက်၊ တာရိုးကြီးလမ်းတွင် သရက်ပင်(၁)ပင်၊ ဧမြဝတီရပ်ကွက်၊ ကြေးဘုရားအနီးတွင် ကုက္ကိုပင်(၁)ပင် ၊ သောတပန်ရပ်ကွက်၊ ဝေဇယန္တာလမ်းတွင် မန်ကျည်းပင် (၁) ပင်၊ စိန်ကုန်းရပ်ကွက်၊ ဦးဗိုလ်သန်းလမ်းတွင် မန်ကျည်းပင်(၁) ပင်၊ ထုံးဘိုရပ်ကွက်၊ သဲဆိပ်ဆင်းလမ်းတွင် သကြားပင် (၁)ပင် အား ဧပြီလ ၁၉ ရက်နေ့က စစ်ကိုင်းခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁)စီး၊ စစ်ကိုင်းမြို့နယ်စခန်းမှ မီးသတ်စက်ယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် ထုံးဘိုအရန်မီးသတ်စခန်းနှင့် စိန်ကုန်းအရန်မီးသတ်စခန်းတို့မှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သုခကာရီလူမှုကူညီရေးအသင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အလားတူ မြင်းမူမြို့နယ်၊ အထက (၁) ကျောင်းရှေ့တွင် သစ်ပင်လဲကျပြီး ဓာတ်တိုင်ကျိုးသည့် နေရာများနှင့် မုံရွာမြို့နယ်၊ ထန်းတောရပ်ကွက်၊ နယ်မြေ(၁၅)၊ နန်းချယ်ရီလမ်းတွင် ညောင်ကိုင်းကျိုးကျသဖြင့် မုံရွာမြို့နယ်/မြင်းမူမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်က ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်အောင်မြင့်

  •  

 

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/04/20/b9b0b9f5b2/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4月 17, 2022 11:15 下午
下一篇 4月 23, 2022 3:44 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....