အင်းလေးကန် ရေရှည်ထိန်းသိမ်းရေးလုပ်ငန်းအဖြစ် ဆည် (၆)ခု တည်ဆောက်

အင်းလေးကန် ရေရှည်ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းအဖြစ် နုန်းဖမ်းဆည် (၆)ခုကို တည်ဆောက်သွားမည်

အင်းလေးကန် ရေရှည်ထိန်းသိမ်းရေးလုပ်ငန်းအဖြစ် ဆည် (၆)ခု တည်ဆောက်

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း အင်းလေးကန် ရေရှည်ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းအဖြစ် နုန်းဖမ်းဆည် (၆)ခုကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

 

အဆိုပါ လုပ်ငန်းစဉ်အတွင်း ကျွန်းမျောရိုင်း ဧရိယာ စုစုပေါင်း ၄၆၅ ဒဿမ ၄၃ ဧက၊ ရေမှော် (၂၃၄) ဧက တို့ကို စနစ်တကျ ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အင်းလေးကန်အတွင်း သဲနုန်းကျင်း ၁၀၀,၀၀၀ ကို ကန်အတွင်းနှင့် ကန်ပတ်လည်တွင် သဲနုန်းအဓိက ပို့ချလျက်ရှိသော နေရာများ၌ တူးဖော်ဆောင်ရွက်သွားမည့်အပြင် အင်းလေးကန်ရေပြင်အတွင်း မှော်ရှင်းလင်းခြင်းအတွက် ဧက(၁၃၀) နှင့် ကျွန်းမျောရိုင်းထိန်းချုပ်လှောင်ကန်များအတွင်းမှ ကျွန်းမျောရိုင်း (၁၁၅)ဧက ကိုလည်း ရှင်းလင်းဆောင်ရွက်သွားမည်ဖြစ်သည်။

 

ထို့အပြင် ကျွန်းမျောရိုင်းများ၊ ရေမှော်များ၊ ဗေဒါပင်များအား ဆည်ယူရှင်းလင်းရန် ဇုန်(A) အဖြစ် အင်းရေပြင်အထွက် နမ့်ကတ်ချောင်း၀တွင်လည်းကောင်း၊ ဇုန်(B) အဖြစ် အိုင်ထောင့်ကြီး ဘုရားကြွလမ်းအရှေ့ဘက်တွင် လည်းကောင်း ၊ ဇုန်(C) အဖြစ် မိုင်းသောက်ဈေးအဝင် ရေလမ်းထိပ်၊ ဇုန် (D)အဖြစ် ပါနွေးကျေးရွာအလယ်ရွာအနီးတွင် လည်းကောင်း၊ ဇုန်(E) အဖြစ် သလဲဦးကျေးရွာအနီး အင်းရေပြင်တွင် လည်းကောင်း၊ ဇုန်(F) အဖြစ် ဇရပ်ကြီးကျေးရွာအနီး အင်းရေပြင်တွင် လည်းကောင်း၊ ဇုန်(G) အဖြစ် ပွဲစားကုန်းကျေးရွာအနီး အင်းရေပြင်တို့တွင် လည်းကောင်း အသီးသီးသတ်မှတ်၍ ကျွန်းမျောရိုင်းဧရိယာ စုစုပေါင်း (၄၆၅) ဒသမ (၄၃) ဧက၊ ရေမှော် (၂၃၄)ဧက တို့အား ရှင်းလင်းဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

 

ရွှေနွယ်ကြိုး

 

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/04/23/2a9c2e1c96/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4月 20, 2022 12:28 下午
下一篇 4月 25, 2022 3:52 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....