နိုင်ငံတကာလေကြောင်းလိုင်းခရီးသွား၁၀၀၀ကျော်ဝင်ရောက်

နိုင်ငံတကာလေကြောင်းလိုင်းခရီးစဉ်များ ပြန်လည်ဖွင့်လှစ်သည့် ၃ ရက်အတွင်း နိုင်ငံခြားသားခရီးသွား ၁၀၀၀ ကျော် ဝင်ရောက်ခဲ့ကြောင်း ရန်ကုန်လေဆိပ် ထုတ်ပြန်

နိုင်ငံတကာလေကြောင်းလိုင်းခရီးသွား၁၀၀၀ကျော်ဝင်ရောက်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် (၂) နှစ်တာ ကာလကြာ ဆိုင်းငံ့ထားခဲ့သော နိုင်ငံတကာ ခရီးသည်တင် လေကြောင်းခရီးစဉ်များကို ဧပြီလ(၁၇)ရက်နေ့မှ စတင်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ Terminal (1) တွင် ပြန်လည်ပြေးဆွဲပျံသန်းခဲ့ပြီ ဖြစ်ရာ ပြန်လည်ဖွင့်လှစ်သည့် ၃ ရက်အတွင်း နိုင်ငံခြားသားခရီးသွား ၁၀၀၀ ကျော် ဝင်ရောက်ခဲ့ကြောင်း ရန်ကုန်လေဆိပ်က ထုတ်ပြန်ထားသည်။

စတင်ဖွင့်လှစ်သည့် ပထမရက်မှာပင် ပြည်ပသို့ ထွက်ခွာသည့် ခရီးသည် ၈၆၆ ဦးနှင့်အတူ စင်ကာပူ၊ မလေးရှား၊ ထိုင်းနိုင်ငံတို့မှ ဝင်ရောက်လာသည့် ခရီးသွား ၃၉၃ ဦး ရှိခဲ့ပြီး ဒုတိယနေ့ (ဧပြီ ၁၈)တွင် မလေးရှား၊ ထိုင်း၊ စင်ကာပူ၊ UAE တို့မှ လေကြောင်းလိုင်း ၅ လိုင်းဖြင့် ခရီးသွား ၅၁၇ ဦး၊ ဧပြီ ၁၉ ရက်နေ့တွင် တရုတ်၊ တောင်ကိုရီးယား အပါအဝင် နိုင်ငံ ၅ နိုင်ငံမှ ခရီးသွား ၂၈၈ ဦး ထပ်မံဝင်ရောက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

နိုင်ငံတကာလေကြောင်းခရီးစဉ် ဆိုက်ရောက်ခရီးသည်များအတွက် မြန်မာနိုင်ငံသို့ ဝင်ရောက်ရာတွင် (၇၂) နာရီအတွင်း စစ်ဆေးထားသော COVID-19 ကင်းရှင်းကြောင်း PCR Test ဆေးစစ်ချက်၊ ကျန်းမာရေးဆိုင်ရာ ကြေငြာချက်အထောက်အထား စာရွက်စာတမ်း၊ Covid-19 ကာကွယ်ဆေးထိုးနှံပြီးကြောင်း သက်သေခံ လက်မှတ်၊ ဆိုက်ရောက်ကဒ်၊ ကျန်းမာရေးအာမခံကတ်ပြား (နိုင်ငံခြားသားများအတွက်) အစရှိသည့် ကျန်းမာရေးဆိုင်ရာ သတ်မှတ်စာရွက်စာတမ်း အထောက်အထားများကို တစ်ပါတည်း ယူဆောင်လာရန် လိုအပ်ကြောင်း အသိပေး ထုတ်ပြန်ထားကြောင်း သိရသည်။

ရွှေနွယ်ကြိုး

  •  

 

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/04/23/615377dd10/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4月 20, 2022 12:28 下午
下一篇 4月 25, 2022 3:52 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....