ရုပ်ရှင်ရုံများပြန်လည်ဖွင့်သော်လည်းကြည့်ရှုသူနည်း

နှစ်ဆန်းတစ်ရက်နေ့ကစပြီး ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်သော်လည်း လာရောက်ကြည့်ရှုသူ အလွန်နည်း

 

ရုပ်ရှင်ရုံများပြန်လည်ဖွင့်သော်လည်းကြည့်ရှုသူနည်း

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့ခြင်းကြောင့် နှစ်နှစ်ကျော်ကြာ ပိတ်ထားသည့် ရုပ်ရှင်ရုံများကို ဧပြီလ ၁၇ ရက်နေ့ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း ဧပြီလ ၂၀ ရက်နေ့ထိ ရုပ်ရှင်လာရောက်ကြည့်ရှုသူ အင်မတန်နည်းသေးကြောင်း သိရသည်။


ပြန်လည်ဖွင့်လှစ်သည့်နေ့တွင် မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ ရုပ်ရှင်ရုံ ၄၈ ရုံအား ပြန်လည်ဖွင့်လှစ် ပြသလျက်ရှိရာ မြန်မာဇာတ်ကားများနှင့် နိုင်ငံခြားဇာတ်ကားများကို ရုံတင်ပြသလျက်ရှိသည်။

ရုပ်ရှင်ရုံများပြန်လည်ဖွင့်သော်လည်းကြည့်ရှုသူနည်း

ရုပ်ရှင်ရုံများပြန်လည်ဖွင့်လှစ်ပြသရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီးရေးဆိုင်ရာ အစီအမံများနှင့်အညီ ပြုစုထားသည့် “ရုပ်ရှင်ပြသရာတွင် လိုက်နာဆောင်ရွက်ရမည့် စံပြုသတ်မှတ်ချက် (Standard Operating Procedures-SOP)”နှင့်အညီ လိုက်နာကျင့်သုံး ဆောင်ရွက်ရမည်ဖြစ်သည်။

ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ခြင်း အခမ်းအနားကို မြန်မာနှစ်ဆန်းတစ်ရက်နေ့က သမ္မတရုပ်ရှင်ရုံ၌ ကျင်းပပြုလုပ်ခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရုပ်ရှင် အစည်းရုံး ဥက္ကဋ္ဌ စည်သူ ဦးကြည်စိုးထွန်း နှင့် ရုပ်ရှင် အနုပညာရှင်များ၊ ရုပ်ရှင်ရုံ လုပ်ငန်းရှင်များ၊ ထုတ်လုပ်သူများ၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး ဥက္ကဋ္ဌ ဦးလွင်မြင့်နှင့် ဂီတအနုပညာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ကောင်းကောင်း

  •  

 

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/04/23/d5607aef07/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4月 20, 2022 12:28 下午
下一篇 4月 25, 2022 3:52 下午

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....