၅၇ ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲ ကျင်းပလျက်ရှိ

၅၇ ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပလျက်ရှိ

၅၇ ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲ ကျင်းပလျက်ရှိ

(၅၇) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဧပြီ ၂၂ ရက်မှ ၂၈ ရက်အထိ ကျင်းပနေပြီး ပြပွဲတွင် ပုလဲအတွဲ ၃၃၀၊ ကျောက်မျက်အတွဲ ၁၂၀ နှင့် ကျောက်စိမ်းအတွဲ ၂၀၀၀ တို့ကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များကို  ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီက ကြီးမှူး၍ ပြုလုပ်နေခြင်းဖြစ်ပြီး ယခုကျင်းပသည့် ပြပွဲတွင် ယူရို ၄.၈ သန်းတန်ဖိုးရှိ တွင်းထွက်ကျောက်မျက်ဖြစ်သော ဖရဲအူ ကိုလည်း ပြသရောင်းချသွားမည်ဟု ဆိုသည်။

၅၇ ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲ ကျင်းပလျက်ရှိ

မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ပုလဲအတွဲများ၊ ကျောက်စိမ်းအတွဲများ၊ ကျောက်မျက်အတွဲများ၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာအရောင်းဆိုင်များ ခင်းကျင်းပြသထားပြီး ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ကျောက်စိမ်း အတွဲများကို ခင်းကျင်းပြသထားရာ ပြည်တွင်းပြည်ပရတနာကုန်သည်များက စိတ်ကြိုက်လေ့လာကြည့်ရှုနိုင်ကြောင်း သိရသည်။

 

ကောင်းကောင်း

Photo: MNP

 

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/04/25/50be26770a/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4月 23, 2022 3:44 下午
下一篇 4月 27, 2022 3:26 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....