သပြေဘူတပင်နှင့်သပြေဘူတအဝါမျိုးစေ့အခမဲ့ပေးဝေမည်

Summary : မန္တလေးမြို့မှ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စိတ်ဝင်စားသူများအတွက် လူတစ်ရပ်ခန့်ရှိသော သပြေဘူတ အဖြူနှင့် ပန်းရောင် ကြိုက်ရာတစ်ပင်နှင့် နယ်မှ သပြေဘူတ စိုက်ပျိုးလိုသူများအတွက် သပြေဘူတ အဝါမျိုးစေ့များကို အခမဲ့ ဖြန့်ဝေမည်ဖြစ်ကြောင်း ပန်းရှေ့နေအကျိုးဆောင်လုပ်ငန်းမှ ဦးစိုးဝင်း ကပြောသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသည့်အနေဖြင့် လူတစ်ရပ်ကျော်သပြေဘူတပင်နှင့် သပြေဘူတအဝါမျိုးစေ့ အခမဲ့ပေးဝေမည်

     သပြေဘူတပင်နှင့်သပြေဘူတအဝါမျိုးစေ့အခမဲ့ပေးဝေမည်

မန္တလေးမြို့မှ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စိတ်ဝင်စားသူများအတွက် လူတစ်ရပ်ခန့်ရှိသော သပြေဘူတ အဖြူနှင့် ပန်းရောင် ကြိုက်ရာတစ်ပင်နှင့် နယ်မှ သပြေဘူတ စိုက်ပျိုးလိုသူများအတွက် သပြေဘူတ အဝါမျိုးစေ့များကို အခမဲ့ ဖြန့်ဝေမည်ဖြစ်ကြောင်း ပန်းရှေ့နေအကျိုးဆောင်လုပ်ငန်းမှ  ဦးစိုးဝင်း ကပြောသည်။

မြန်မာနိုင်ငံတွင် သပြေဘူတအပင် ခေတ်မစားသေးမီကပင် ပန်းရှေ့နေအပင်အကျိုးဆောင်လုပ်ငန်းမှ သပြေဘူတပျိုးပင် စတင်စိုက်ပျိုးခဲ့ရာ စတင်စိုက်ပျိုးစဉ်က တနှစ်လျှင် အပင် တစ်သောင်းကျော် စိုက်ပျိုးခဲ့ပြီး ယခုအခါ အပင်ထောင်ဂဏန်း စိုက်ပျိုးလျှက်ရှိသည်။

“ဒီနှစ်တော့ အပင်တစ်ထောင် အလွန်ဆုံးနှစ်ထောင်ပျိုးမယ်။ မနှစ်က သောင်းချီပျိုးတာတွေ ကျန်သေးတယ်။ ဟိုအရင်တစ်နှစ်က ပျိုးထားတာတွေလဲ မိုးထိုးနေပြီ။ ပန်းရောင်အပင်က အဝါထက် အတက်ကြမ်းတယ်။ နောက်နှစ်ထိ ထိန်းမထားနိုင်ဘူး။ ကျွန်တော်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် သပြေဘူတမျိုးစေ့ အခမဲ့ ဖြန့်ဝေပေးတဲ့အလုပ်ကို ဆယ်နှစ်ကျော်လုပ်ခဲ့ပြီးပြီ”ဟု ပန်းရှေ့နေ ပျိုးပင်အကျိုးဆောင်လုပ်ငန်းမှ ဦးစိုးဝင်း ကပြောသည်။

သပြေဘူတပင်နှင့်သပြေဘူတအဝါမျိုးစေ့အခမဲ့ပေးဝေမည်သပြေဘူတပင်နှင့်သပြေဘူတအဝါမျိုးစေ့အခမဲ့ပေးဝေမည်သပြေဘူတပင်နှင့်သပြေဘူတအဝါမျိုးစေ့အခမဲ့ပေးဝေမည်

ယခုနှစ်တွင် ပန်းရှေ့နေပျိုးပင်အကျိုးဆောင်လုပ်ငန်းအနေဖြင့် လူတရပ်ကျော်ရှိ သပြေဘူတ အဖြူနှင့် ပန်းရောင်အပင်များထဲမှ ကြိုက်နှစ်သက်ရာအပင်တစ်ပင်ကို မန္တလေးမြို့မှ စိုက်ချင်သူများအတွက် အပင် ၁၀၀ အထိ အလကားပေးမည်ဖြစ်ပြီး မန္တလေးပြင်ပ နယ်မှအလိုရှိသူများကို သပြေဘူတ အဝါမျိုးစေ့ ၁၀၀စီ အခမဲ့ပေးမည်ဖြစ်သည်။

နယ်မှလိုအပ်သူများအနေဖြင့် စာအိပ်ဖိုး၊ ကားခ၊ ဂိတ်အရောက်ပို့ဆောင်ရေးများကို အခမဲ့ ကုသိုလ်ပြု ဆောင်ရွက်ပေးမည်ဖြစ်ရာ အလိုရှိသူများအနေဖြင့် အမည်၊ နေရပ်လိပ်စာ(ပေးပို့ရမည့်မြို့) ဖုန်းနံပါတ်များကို မှန်ကန်စွာ ရေးသားကြရမည်ဖြစ်သည်။ သပြေဘူတ အပင်စိုက်ပျိုးမည့် မန္တလေးမြို့နှင့် နယ်မှ မျိုးစေ့ရယူလိုသူများအနေဖြင့် ပန်းရှေ့နေအပင်အကျိုးဆောင်လုပ်ငန်း ဖုန်း ၀၉ ၄၄၀၄၆၇၇၈ နှင့် ၀၉ ၇၉၀၇၉၂၃၄၅ တို့သို့ ဆက်သွယ်ရယူနိုင်ကြောင်း သိရသည်။

အောင်အောင်မြင့်

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/04/27/%e1%80%9e%e1%80%95%e1%80%bc%e1%80%b1%e1%80%98%e1%80%b0%e1%80%90%e1%80%95%e1%80%84%e1%80%ba%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba%e1%80%9e%e1%80%95%e1%80%bc%e1%80%b1%e1%80%98%e1%80%b0%e1%80%90/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4月 25, 2022 3:52 下午
下一篇 4月 29, 2022 11:29 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....