တရုတ်အစိုးရမှCOVID-19ကာကွယ်ဆေး၁၀သန်းထပ်မံပံ့ပိုးမည်

Summary : တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၀ သန်း ထပ်မံ ပံ့ပိုးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရသိရသည်။

တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၀ သန်း ထပ်မံ ပံ့ပိုးမည်

တရုတ်အစိုးရမှCOVID-19ကာကွယ်ဆေး၁၀သန်းထပ်မံပံ့ပိုးမည်

တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၀ သန်း ထပ်မံ ပံ့ပိုးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရသိရသည်။

ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံသို့ တရုတ် ကာကွယ်ဆေး အကြိမ်ရေ (Doses) ၁၁.၁ သန်း အခမဲ့ ပံ့ပိုးပေးခဲ့ပြီး မြန်မာနိုင်ငံအား သက်သာသည့်စျေးနှုန်းဖြင့် Doses သန်း ၃၀ ကျော် ဝယ်ယူနိုင်ရန် ကူညီပေးထားကြောင်းသိရသည်။

တရုတ်အစိုးရမှCOVID-19ကာကွယ်ဆေး၁၀သန်းထပ်မံပံ့ပိုးမည်

တရုတ်နိုင်ငံသည် “ပြည်သူသည် အဓိက၊ အသက်သည် အဓိက” ဟူသော ကပ်ရောဂါကာကွယ်ရေး အတွေးအခေါ်ကို လက်ကိုင်စွဲပြီး နိုင်ငံတကာ ကပ်ရောဂါတိုက်ဖျက်ရေး အကူအညီနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တက်ကြွစွာ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာဆီယံနိုင်ငံများသို့ ကိုဗစ်-၁၉ Vaccine ထပ်မံပံ့ပိုးကူညီပေးရန် တရုတ်နိုင်ငံ၏ ကတိကဝတ်များကို အကောင်အထည်ဖော်ရန်၊ မြန်မာနိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်ရေး အောင်မြင်မှုများအတွက် ကူညီပံ့ပိုးရန်၊ မြန်မာပြည်သူများ၏ အသက်၊ ကျန်းမာရေး ဘေးကင်းလုံခြုံစေရေးအတွက် ပိုမိုကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်ပေးနိုင်ရန် တို့အတွက် တရုတ်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံသို့ ထပ်မံ၍ ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၀ သန်း အခမဲ့ ပံ့ပိုးပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စျာန်ထူးကို

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/04/29/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%a1%e1%80%85%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%99%e1%80%becovid-19%e1%80%80%e1%80%ac%e1%80%80%e1%80%bd%e1%80%9a%e1%80%ba%e1%80%86%e1%80%b1/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4月 29, 2022 11:29 上午
下一篇 4月 29, 2022 11:33 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....