နိုင်ငံတကာလေကြောင်းခရီးသည်များRDTစစ်ဆေးမှုMay 1စတင်

Summary : ပြည်ပမှ လေကြောင်းခရီးစဉ်များဖြင့် ဝင်ရောက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထပ်မံ ဖြေလျော့ပေးရာ နိုင်ငံတကာလေကြောင်းဖြင့် ရောက်ရှိလာသော ခရီးသည်များ RDT နည်းဖြင့် ပြောင်းလဲစစ်ဆေးမှု မေ ၁ ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာလေကြောင်းဖြင့် ရောက်ရှိလာသော ခရီးသည်များ RDT နည်းဖြင့် ပြောင်းလဲစစ်ဆေးမှု မေ ၁ ရက်နေ့တွင်စတင်

နိုင်ငံတကာလေကြောင်းခရီးသည်များRDTစစ်ဆေးမှုMay 1စတင်

ပြည်ပမှ လေကြောင်းခရီးစဉ်များဖြင့် ဝင်ရောက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထပ်မံ ဖြေလျော့ပေးရာ နိုင်ငံတကာလေကြောင်းဖြင့် ရောက်ရှိလာသော ခရီးသည်များ RDT နည်းဖြင့် ပြောင်းလဲစစ်ဆေးမှု မေ ၁ ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ်(Commercial Flight)များဖြင့် မြန်မာနိုင်ငံသို့ လာရောက်မည့် မြန်မာနိုင်ငံသားများ၊ နိုင်ငံခြားသားများ နိုင်ငံအတွင်းသို့ ဝင်ရောက်ရာတွင် ကုန်ကျစရိတ်သက်သာပြီး ဓာတ်ခွဲအဖြေ အချိန်တိုအတွင်း ချက်ချင်းရရှိ နိုင်သော RDT နည်းဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် စစ်ဆေးပေးမည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ယခင်က ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ နိုင်ငံတကာ ပုံမှန်လေကြောင်းခရီးစဉ် (Commercial Flight)များဖြင့် ပြန်လည်လိုက်ပါလာသူများအား သတ်မှတ်ဟိုတယ် တွင် (၂၄)နာရီနေထိုင်စေ၍ RT-PCR နည်းဖြင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခဲ့ခြင်းကို ဆောင်ရွက်ခဲ့ရာမှ ယခုအခါ ၂၀၂၂ ခုနှစ် မေလ ၁ ရက် နေ့မှစတင်၍ ကုန်ကျစရိတ်သက်သာပြီး ဓာတ်ခွဲအဖြေ အချိန်တိုအတွင်း ချက်ချင်းရရှိနိုင်သော RDT နည်းဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် စစ်ဆေးပေးခြင်းကို ပြောင်းလဲ ဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့အပြင် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ် (Relief Flight) များ၊ နယ်စပ်ဝင်/ထွက်ဂိတ်များ မှ ပြန်လည်ဝင်ရောက်လာသူများအား ယခင်က ကိုဗစ်-၁၉ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးပါက အသွားအလာကန့်သတ်ထားရှိမှု (၅)ရက်အစား (၃)ရက်သို့လည်းကောင်း၊ ကာကွယ်ဆေးအကြိမ် ပြည့်ထိုးနှံမှုမရှိပါက အသွားအလာကန့်သတ်ထားရှိမှု (၇)ရက်အစား (၅)ရက်သို့လည်းကောင်း ပြင်ဆင်ပြောင်းလဲ ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာန မှသိရသည်။

ကောင်းကောင်း

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/05/01/%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%84%e1%80%b6%e1%80%90%e1%80%80%e1%80%ac%e1%80%9c%e1%80%b1%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%81%e1%80%9b%e1%80%ae/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5月 1, 2022 11:21 上午
下一篇 5月 1, 2022 11:25 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....