မြန်မာ-တရုတ်တောတောမီးအန္တရာယ်ဆိုင်ရာအစည်းအဝေး

Summary : မြန်မာ-တရုတ် နှစ်နိုင်ငံဗဟိုအစိုးရများအကြား တောမီးအန္တရာယ်ဆိုင်ရာ ပူးတွဲကာကွယ်ရေးယန္တရားတစ်ရပ် ထူထောင်နိုင်ရန်နှင့် နှစ်နိုင်ငံနယ်စပ်ဒေသ တောမီးအန္တရာယ် တားဆီးထိန်းချုပ်ရေး လုပ်ငန်းနယ်ပယ်တွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတိုအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်းဖြင့် တောမီးများ လောင်ကျွမ်းမှုကြောင့် ဖြစ်ပေါ်နိုင်သည့် ဆုံးရှုံးမှုများကို ထိရောက်စွာ ကာကွယ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာ-တရုတ် နှစ်နိုင်ငံဗဟိုအစိုးရများအကြား တောမီးအန္တရာယ်ဆိုင်ရာ ပူးတွဲကာကွယ်ရေး လုပ်ငန်းကော်မတီ ပထမအကြိမ် ညှိနှိင်းအစည်းအဝေးကို ဧပြီလ ၂၉ ရက်နေ့ နံနက်ပိုင်းက ကျင်းပကြောင်း သိရသည်။

မြန်မာ-တရုတ်နှစ်နိုင်ငံ တောမီးများ လောင်ကျွမ်းမှုကြောင့် ဖြစ်ပေါ်နိုင်သည့် ဆုံးရှုံးမှုများ ထိရောက်စွာ ကာကွယ်နိုင်ရန် ညှိနှိုင်းအစည်းအဝေးကျင်းပ

မြန်မာ-တရုတ်တောတောမီးအန္တရာယ်ဆိုင်ရာအစည်းအဝေး

မြန်မာ-တရုတ် နှစ်နိုင်ငံဗဟိုအစိုးရများအကြား တောမီးအန္တရာယ်ဆိုင်ရာ ပူးတွဲကာကွယ်ရေးယန္တရားတစ်ရပ် ထူထောင်နိုင်ရန်နှင့် နှစ်နိုင်ငံနယ်စပ်ဒေသ တောမီးအန္တရာယ် တားဆီးထိန်းချုပ်ရေး လုပ်ငန်းနယ်ပယ်တွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတိုအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်းဖြင့် တောမီးများ လောင်ကျွမ်းမှုကြောင့် ဖြစ်ပေါ်နိုင်သည့် ဆုံးရှုံးမှုများကို ထိရောက်စွာ ကာကွယ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာ-တရုတ် နှစ်နိုင်ငံဗဟိုအစိုးရများအကြား တောမီးအန္တရာယ်ဆိုင်ရာ ပူးတွဲကာကွယ်ရေး လုပ်ငန်းကော်မတီ ပထမအကြိမ် ညှိနှိင်းအစည်းအဝေးကို ဧပြီလ ၂၉ ရက်နေ့ နံနက်ပိုင်းက ကျင်းပကြောင်း သိရသည်။

အစည်းအဝေးသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီးများ၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲများမှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများနှင့် လုပ်ငန်းကော်မတီဝင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် မြန်မာနှင့်တရုတ် နှစ်နိုင်ငံနယ်စပ်အကြား မီးလောင်ကွက်များ ပျံ့နှံမှု၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုဆိုင်ရာ လုပ်ငန်းစီမံချက် ရေးဆွဲဆောင်ရွက်မှု၊ ဘက်စုံပါဝင်သော အမျိုးသားအဆင့် မီးစီမံအုပ်ချုပ်မှုဆိုင်ရာ မဟာဗျူဟာ လုပ်ငန်းအစီအစဉ် ရေးဆွဲဆောင်ရွက်မှု၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ဆိုင်ရာ အာဆီယံ သဘောတူညီချက်အပေါ် ပူးပေါင်းဆောင်ရွက်မှု၊ ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးခြင်းကြောင့် တောမီးလောင်ကျွမ်းခြင်းကို ကာကွယ်နိုင်ရေးအတွက် ကုန်းမြင့်လယ်ယာစိုက်ပျိုးခြင်းစနစ် တိုးမြှင့်ဆောင်ရွက်မှု၊ တောမီးလောင်ကျွမ်းမှုအန္တရာယ် လျှော့ချရေးနှင့်စပ်လျဉ်း၍ နိုင်ငံတကာနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်မှုတိုကို ဆွေးနွေးကြပြီး နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု လေ့လာဆန်းစစ်ခြင်းနှင့် ထိန်းချုပ်ခြင်းဆိုင်ရာ လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး၊ တောမီးကြိုတင်ကာကွယ်ရေးနှင့် ကြိုတင်သတိပေးရေး၊ တောမီးလောင်ကျွမ်းမှု လျော့ချရေး၊ တောမီးလောင်ကျွမ်းမှုကြောင့် ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုးမှုများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံနယ်စပ်ဒေသအပါအဝင် နိုင်ငံအတွင်း တောမီးကာကွယ်ရေးဆိုင်ရာ ဘက်စုံပါဝင်သော အမျိုးသားအဆင့်လုပ်ငန်း အစီအစဉ်ကို ဆက်လက်ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့်ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြောင်း သိရသည်။

ကောင်းကောင်း

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/05/01/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac-%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%90%e1%80%b1%e1%80%ac%e1%80%90%e1%80%b1%e1%80%ac%e1%80%99%e1%80%ae%e1%80%b8%e1%80%a1%e1%80%94/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5月 1, 2022 11:24 上午
下一篇 5月 2, 2022 11:14 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....