SNLDဥက္ကဋ္ဌဟောင်းဦးခွန်ထွန်းဦးဈာပနာအခမ်းအနား

Summary : ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအ့ဖွဲချုပ် (SNLD) ဥက္ကဋ္ဌဟောင်း ရှမ်းတိုင်းရင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ စဝ်ခွန်ထွန်းဦး၏ ဈာပနာအခမ်းအနားကို ရန်ကုန်မြို့ ရေဝေးသုသာန်တွင် မေလ(၂)ရက်နေ့ ညနေ(၅)နာရီတွင် ပြုလုပ်ပြီး ရှမ်းဓလေ့ထုံးစံနှင့်အညီ မီးသင်္ဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။

SNLD ပါတီ၏ ဥက္ကဋ္ဌဟောင်း ဦးခွန်ထွန်းဦး၏ ဈာပနာအခမ်းအနားကို ရန်ကုန် ရေဝေးသုသာန်တွင် မေလ(၂)ရက်နေ့တွင် ပြုလုပ်မည်

SNLDဥက္ကဋ္ဌဟောင်းဦးခွန်ထွန်းဦးဈာပနာအခမ်းအနား

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအ့ဖွဲချုပ် (SNLD) ဥက္ကဋ္ဌဟောင်း ရှမ်းတိုင်းရင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ စဝ်ခွန်ထွန်းဦး၏ ဈာပနာအခမ်းအနားကို ရန်ကုန်မြို့ ရေဝေးသုသာန်တွင် မေလ(၂)ရက်နေ့ ညနေ(၅)နာရီတွင် ပြုလုပ်ပြီး ရှမ်းဓလေ့ထုံးစံနှင့်အညီ မီးသင်္ဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။

ဦးခွန်ထွန်းဦးသည် ဧပြီလ(၃၀)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ၎င်း၏ နေအိမ်ဖြစ်သည့် ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ (၉)မိုင်၊ (၅)ရပ်ကွက်၊ အမှတ်(၂၆) ပြည်လမ်းရှိ နေအိမ်တွင် ကွယ်လွန်သွားခြင်း ဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၇၉ နှစ်အရွယ်ရှိပြီဟု သိရသည်။

SNLDဥက္ကဋ္ဌဟောင်းဦးခွန်ထွန်းဦးဈာပနာအခမ်းအနားSNLDဥက္ကဋ္ဌဟောင်းဦးခွန်ထွန်းဦးဈာပနာအခမ်းအနား

စဝ်ခွန်ထွန်းဦးသည် ၁၉၈၈ ခုနှစ်က SNLD ကို ထူထောင်ရာမှာ ပါဝင်ခဲ့သည့် ခေါင်းဆောင်တစ်ဦးဖြစ်ပြီး နှစ် ပေါင်း ၃၀ တိုင်အောင် SNLD ပါတီကို ဦးဆောင်ခဲ့သူဖြစ်သကဲ့သို့ SNLD အပါအဝင် တိုင်းရင်းသားပါတီ ၁၃ ခုဖြင့်ဖွဲစည်းထားသည့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA)နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP) တို့၏ နာယက အဖြစ်လည်း တာဝန်ယူခဲ့သူ ဖြစ်ကြောင်း သိရသည်။

ကောင်းကောင်း

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/05/01/snld%e1%80%a5%e1%80%80%e1%80%b9%e1%80%80%e1%80%8b%e1%80%b9%e1%80%8c%e1%80%9f%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%a6%e1%80%b8%e1%80%81%e1%80%bd%e1%80%94%e1%80%ba%e1%80%91%e1%80%bd/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4月 29, 2022 11:34 上午
下一篇 5月 1, 2022 11:21 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....