မြန်မာရှိတရုတ်ဝန်ထမ်းများအားတရုတ်သံရုံးကတွေ့ဆုံ

Summary : မြန်မာနိုင်ငံ၌ တာဝန်ထမ်းဆောင်လျက်ရှိသော တရုတ်အကူအညီနှင့် ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများမှ ဝန်ထမ်းများကို မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai ၊ စီးပွားရေးသံမှူး Mr. Tan Shufu တို့က မေလ ၁ ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အားလပ်ရက်တွင် သွားရောက်တွေ့ဆုံ အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းဝန်ထမ်းများအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သွားရောက် တွေ့ဆုံအားပေး

မြန်မာရှိတရုတ်ဝန်ထမ်းများအားတရုတ်သံရုံးကတွေ့ဆုံ

မြန်မာနိုင်ငံ၌ တာဝန်ထမ်းဆောင်လျက်ရှိသော တရုတ်အကူအညီနှင့် ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများမှ ဝန်ထမ်းများကို မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai ၊ စီးပွားရေးသံမှူး Mr. Tan Shufu တို့က မေလ ၁ ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အားလပ်ရက်တွင် သွားရောက်တွေ့ဆုံ အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံအကူအညီဖြင့် တည်ဆောက်သည့် မြန်မာနိုင်ငံ ကူးစက်ရောဂါထိန်းချုပ်ရေးဗဟိုဌာန (CDC) နှင့် ကျန်းမာရေးဝန်ထမ်းများလေ့ကျင့်ရေးဌာန၊ မြန်မာနိုင်ငံ အမျိုးသားဇာတ်ရုံ (ရန်ကုန်) ပြုပြင်မွမ်းမံရေး စီမံကိန်းနှင့် မီးရထား စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်) တို့ သွားရောက်ခဲ့ကြခြင်း ဖြစ်ပြီး စီမံကိန်းတိုးတက်မှုနှင့် ထုတ်လုပ်မှုအခြေအနေတို့ကို လေ့လာခဲ့ကြသည်။

မြန်မာရှိတရုတ်ဝန်ထမ်းများအားတရုတ်သံရုံးကတွေ့ဆုံ

သံအမတ်ကြီး Mr. Chen Hai က တရုတ်နိုင်ငံသည် မြန်မာနိုင်ငံကောင်းမွန်ရေး၊ မြန်မာပြည်သူများ ကောင်းမွန်ရေး သဘောတရားကို အမြဲလက်ကိုင်စွဲပြီး မြန်မာနိုင်ငံ ပြည်သူအားလုံးအတွက် မြန်မာနိုင်ငံသို့ ကူညီပံ့ပိုးရေး ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိ ဆောင်ရွက်နေဆဲ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများသည် လူမှုရေး၊ ပြည်သူလူထုဘဝ၊ ယဉ်ကျေးမှု၊ အနုပညာနှင့် စက်မှုဖွံ့ဖြိုးတိုးတက်ရေး စသည့်နယ်ပယ်များစွာကို လွှမ်းခြုံထားကြောင်း၊ မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံမှ ပြည်ပအကူအညီပေးရေးပညာရှင်များနှင့် တရုတ်စီမံကိန်းဝန်ထမ်းများသည် နှစ်နိုင်ငံ အစဉ်အလာဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို လက်ဆင့်ကမ်း အမွေဆက်ခံသူများ ဖြစ်ကြောင်း၊ ပညာရှင်များသည် ကပ်ရောဂါ၊ အပူချိန်မြင့်မားမှု စသည့်အခက်အခဲများကို ရင်ဆိုင်ကျော်လွှားပြီး မိမိ၏လုပ်ငန်းခွင်၌ တာဝန်ထမ်းဆောင်နေကြရာ တာဝန်ယူမှုနှင့် တာဝန်ခံမှုကို ပြသနေကြောင်း ပြောကြားသည်။

သံအမတ်ကြီး Mr. Chen Hai နှင့် သံမှူး Mr. Tan Shufu သည် ပညာရှင်များကို အားလပ်ရက် နှုတ်ခွန်းဆက်စကား ပြောကြားပြီး လူတိုင်း ဘေးကင်းလုံခြုံသော ထုတ်လုပ်မှုနှင့် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရည်အသွေးနှင့် ပမာဏတို့ အာမခံချက်ရှိစွာ ပြီးမြောက်ပြီး တရုတ်-မြန်မာ ချစ်ကြည်ရေးအတွက် ပိုမိုအကျိုးဆောင်နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

မြသုခ

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/05/02/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%9b%e1%80%be%e1%80%ad%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%91%e1%80%99%e1%80%ba%e1%80%b8%e1%80%99/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5月 2, 2022 11:16 上午
下一篇 5月 2, 2022 11:18 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....