Aprilလကုန်ထိCOVID-19 ကာကွယ်ဆေး(၃၀,၆၃၇,၅၂၂)ဦးအားထိုးပေးပြီး

Summary : ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ COVID-19 ရောဂါ ကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ (၃၀-၄-၂၀၂၂) ရက်နေ့ အထိ လူဦးရေ စုစုပေါင်း (၃၀,၆၃၇,၅၂၂) ဦးအား ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် ဧပြီလကုန်ထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါကာကွယ်ဆေးကို လူဦးရေ စုစုပေါင်း (၃၀,၆၃၇,၅၂၂) ဦးအား ထိုးနှံပေးပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်

ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ COVID-19 ရောဂါ ကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ (၃၀-၄-၂၀၂၂) ရက်နေ့ အထိ လူဦးရေ စုစုပေါင်း (၃၀,၆၃၇,၅၂၂) ဦးအား ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။

သို့ဖြစ်၍ ပထမအကြိမ်ထိုးနှံပြီးစီးသူ (၇,၁၆၁,၃၇၆) ဦး၊ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီးသူ (၂၃,၄၇၆,၁၄၆) ဦးနှင့် ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံပြီးစီးသူ (၁,၄၅၂,၈၀၆) ဦး ရှိပြီဖြစ်ပြီး ၂၀၂၂ ခုနှစ် ဧပြီလကုန်ထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း (၅၅,၅၆၆,၄၇၄) ကြိမ် ထိုးနှံပြီး ဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကူးစက်မှုများအနေဖြင့် မေလ ၁ ရက်နေ့တွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၇,၇၇၄) ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၇) ဦး တွေ့ရှိရပြီး ရောဂါပိုး တွေ့ရှိမှု ရာခိုင်နှုန်း မှာ (၀.၂၂) ရာခိုင်နှုန်း ရှိသည်။

မေလ ၁ ရက်နေ့ထိ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၆၁၂,၉၀၀) ဦး ရှိပြီ ဖြစ်ပြီး ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း (၅၉၁,၈၂၆) ဦး ရှိပြီဖြစ်ကာ သေဆုံးသူစုစုပေါင်း (၁၉,၄၃၄) ဦး ရှိကြောင်း သိရသည်။

ရှမ်းချန်

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/05/02/april%e1%80%9c%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%91%e1%80%adcovid-19-%e1%80%80%e1%80%ac%e1%80%80%e1%80%bd%e1%80%9a%e1%80%ba%e1%80%86%e1%80%b1%e1%80%b8%e1%81%83%e1%81%80%e1%81%86%e1%81%83/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5月 1, 2022 11:25 上午
下一篇 5月 2, 2022 11:16 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....