Aprilလကုန်ထိCOVID-19 ကာကွယ်ဆေး(၃၀,၆၃၇,၅၂၂)ဦးအားထိုးပေးပြီး

၂၀၂၂ ခုနှစ် ဧပြီလကုန်ထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါကာကွယ်ဆေးကို လူဦးရေ စုစုပေါင်း (၃၀,၆၃၇,၅၂၂) ဦးအား ထိုးနှံပေးပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်

Aprilလကုန်ထိCOVID-19 ကာကွယ်ဆေး(၃၀,၆၃၇,၅၂၂)ဦးအားထိုးပေးပြီး
ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ COVID-19 ရောဂါ ကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ (၃၀-၄-၂၀၂၂) ရက်နေ့ အထိ လူဦးရေ စုစုပေါင်း (၃၀,၆၃၇,၅၂၂) ဦးအား ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။


သို့ဖြစ်၍ ပထမအကြိမ်ထိုးနှံပြီးစီးသူ (၇,၁၆၁,၃၇၆) ဦး၊ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီးသူ (၂၃,၄၇၆,၁၄၆) ဦးနှင့် ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံပြီးစီးသူ (၁,၄၅၂,၈၀၆) ဦး ရှိပြီဖြစ်ပြီး ၂၀၂၂ ခုနှစ် ဧပြီလကုန်ထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း (၅၅,၅၆၆,၄၇၄) ကြိမ် ထိုးနှံပြီး ဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကူးစက်မှုများအနေဖြင့် မေလ ၁ ရက်နေ့တွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၇,၇၇၄) ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၇) ဦး တွေ့ရှိရပြီး ရောဂါပိုး တွေ့ရှိမှု ရာခိုင်နှုန်း မှာ (၀.၂၂) ရာခိုင်နှုန်း ရှိသည်။

မေလ ၁ ရက်နေ့ထိ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၆၁၂,၉၀၀) ဦး ရှိပြီ ဖြစ်ပြီး ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း (၅၉၁,၈၂၆) ဦး ရှိပြီဖြစ်ကာ သေဆုံးသူစုစုပေါင်း (၁၉,၄၃၄) ဦး ရှိကြောင်း သိရသည်။

ရှမ်းချန်

 

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/05/08/1b6d95d452/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5月 8, 2022 7:45 上午
下一篇 5月 8, 2022 7:45 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....