စီမံကိန်း၃ခုအားတရုတ်သံအမတ်ကြီးသွားရောက်လေ့လာ

လက်ရှိဖော်ဆောင်နေသော တရုတ်နိုင်ငံအကူအညီဖြင့် တည်ဆောက်နေသည့် စီမံကိန်း ၃ခုအား တရုတ်သံအမတ်ကြီး သွားရောက်လေ့လာ

 

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai ၊ စီးပွားရေးသံမှူး Mr. Tan Shufu တို့သည် ရန်ကုန်မြို့နှင့် နေပြည်တော်ရှိ တရုတ်နိုင်ငံအကူအညီဖြင့် တည်ဆောက်သည့် မြန်မာနိုင်ငံ ကူးစက်ရောဂါထိန်းချုပ်ရေးဗဟိုဌာန (CDC) နှင့် ကျန်းမာရေးဝန်ထမ်းများလေ့ကျင့်ရေးဌာန၊ မြန်မာနိုင်ငံ အမျိုးသားဇာတ်ရုံ (ရန်ကုန်) ပြုပြင်မွမ်းမံရေး စီမံကိန်းနှင့် မီးရထား စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်) တို့ ပြီးခဲ့သည့်ရက်ပိုင်းက သွားရောက်ခဲ့ပြီး စီမံကိန်းတိုးတက်မှုနှင့် ထုတ်လုပ်မှုအခြေအနေတို့ကို လေ့လာခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံအကူအညီဖြင့် တည်ဆောက်သည့် မြန်မာနိုင်ငံ ကူးစက်ရောဂါ ထိန်းချုပ်ရေးဗဟိုဌာန (CDC) နှင့် ကျန်းမာရေးဝန်ထမ်းများ လေ့ကျင့်ရေးဌာန စီမံကိန်းမြေဧရိယာသည် စတုရန်းမီတာ ၈ သောင်းခန့်ရှိပြီး စီမံကိန်းတွင် CDC အဆောက်အအုံ၊ လေ့ကျင့်ရေးအဆောက်အအုံ၊ စီမံအုပ်ချုပ်ရေးအဆောက်အအုံနှင့် ဓာတ်ခွဲခန်းစက်ပစ္စည်းများလည်း တွဲဖက်ထားပြီး မြန်မာနိုင်ငံ၏ပထမဆုံး နိုင်ငံတော်အဆင့် ဇီဝလုံခြုံမှုအဆင့် ၃ (Biosafety level P3) ဓာတ်ခွဲခန်းဖြစ်လာမည်ဖြစ်သည်။ အဆောက်အအုံများအပြင် တရုတ်နိုင်ငံကလည်း နှစ်နှစ်တာ နည်းပညာပူးပေါင်းဆောင်ရွက်မှုလည်း ထောက်ပံ့ပေးပြီး မြန်မာနိုင်ငံအတွက် ကျန်းမာရေးနှင့် နည်းပညာဝန်ထမ်းများလေ့ကျင့်ပေးမည်ဖြစ်သည်။

စီမံကိန်း၃ခုအားတရုတ်သံအမတ်ကြီးသွားရောက်လေ့လာစီမံကိန်း၃ခုအားတရုတ်သံအမတ်ကြီးသွားရောက်လေ့လာစီမံကိန်း၃ခုအားတရုတ်သံအမတ်ကြီးသွားရောက်လေ့လာ

၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် စတင်တည်ဆောက်လာကတည်းက စီမံကိန်းပညာရှင်များသည် ကပ်ရောဂါ စသည့်အခက်အခဲများ၏ အကျိုးသက်ရောက်မှုကို ကျော်လွှားကာ လုပ်ငန်းဆက်တိုက်ဆောင်ရွက်ခဲ့ရာ ယခုအခါ ယာယီတည်ဆောက်မှု၊ မြေပြန်ဖို့မှုများ ပြီးစီးပြီဖြစ်ရာ မေလ မိုးရာသမီမတိုင်မီ မြေပြင်အောက်ပိုင်း အခြေခံဆောက်လုပ်ရေးလုပ်ငန်းများကို ပြီးစီးနိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။

တရုတ်နိုင်ငံအကူအညီဖြင့် တည်ဆောက်သည့် မြန်မာနိုင်ငံ အမျိုးသားဇာတ်ရုံ (ရန်ကုန်) သည် ရန်ကုန်မြို့လယ်ရှိ မြန်မာနိုင်ငံ၏ အကြီးဆုံး ဇာတ်ရုံ ဖြစ်ပြီး အဆိုပါဇာတ်ရုံကို တရုတ်နိုင်ငံအစိုးရက ၁၉၈၀ ခုနှစ်နှောင်းပိုင်းနှင့် ၁၉၉၀ ခုနှစ် အစောပိုင်းတွင် ငွေကြေးထောက်ပံ့တည်ဆောက်ခဲ့ခြင်းဖြစ်ကာ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ကိုယ်စားပြုသည့် စီမံကိန်းများအနက်တစ်ခု ဖြစ်ပြီး တရုတ်-မြန်မာ ယဉ်ကျေးမှုအနုပညာ ကူးလူးဖလှယ်သည့် အရေးပါပလက်ဖောင်းလည်း ဖြစ်ပါသည်။
တရုတ်နိုင်ငံအကူအညီဖြင့် တည်ဆောက်သည့် မြန်မာနိုင်ငံ အမျိုးသားဇာတ်ရုံ (ရန်ကုန်) ပြုပြင်မွမ်းမံရေးစီမံကိန်းကို ၂၀၁၉ ခုနှစ်တွင် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ပြီး အဆောက်အအုံ၏ မူလအသွင်သဏ္ဍာန်ကို ထိန်းသိမ်းကာ ဇာတ်ရုံ၏ ပရိသတ်ခန်းမ၊ စတိတ်စင်၊ အလှပြင်ခန်း၊ VIP ခန်း စသည့် အဆောက်အအုံများကို အဆင့်မြှင့်တင်ခဲ့ပြီး မီးအလင်းအမှောင်စနစ်၊ အသံစနစ် စသည့် တွဲဖက်စက်ပစ္စည်းများကို လှဲလှယ်ခဲ့ကြောင်း သိရသည်။

မီးရထား စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်) စီမံကိန်းကို တရုတ်နိုင်ငံ CRRC Dalian နှင့် မြန်မာ့မီးရထား တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် တတိယအဆင့် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ တရုတ်နိုင်ငံမှ ကျွမ်းကျင်ပညာရှင် ၂၀ ကျော်သည် ကပ်ရောဂါနှင့် အပူချိန်မြင့်မားမှုကို ကျော်ဖြတ်ပြီး မီးရထား စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်) သို့ ဝင်ရောက်ကာ မြန်မာ့မီးရထားစက်ခေါင်းများ ဒေသအလိုက် ထုတ်လုပ်နိုင်ရေးအတွက် နည်းပညာများ ပံ့ပိုးပေးပြီး မြန်မာနိုင်ငံ မီးရထားပို့ဆောင်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတွင် တက်ကြွစွာ အားဖြည့်ပေးခဲ့ကြောင်း သိရသည်။

မြသုခ

  •  

 

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/05/08/3bcb14af6a/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5月 8, 2022 7:44 上午
下一篇 5月 8, 2022 7:45 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....