ဘဏ်ကားအား ကားမောင်းသူမှ မောင်းနှင်ထွက်ပြေး

ကျပ်သိန်းနှစ်ထောင်ကျော် တင်ဆောင်ထားသည့် ဘဏ်ကားအား ကားမောင်းသူမှ မောင်းနှင်ထွက်ပြေး

ဘဏ်ကားအား ကားမောင်းသူမှ မောင်းနှင်ထွက်ပြေး

ယူနိုက်တက်အမရာဘဏ် ကားမောင်းသူမှ ကျပ်သိန်းနှစ်ထောင်ကျော်တင်ဆောင်ထားသည့် ဘဏ်ကားအား မောင်းနှင်ထွက်ပြေးသည့်ဖြစ်စဉ် ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်တွင် မေ ၃ ရက်နေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း ခိုင်လုံသောသတင်းများအရ သိရသည်။

ယူနိုက်တက်အမရာဘဏ်မှ ကားမောင်းသူ ရာဇာထက်နှင့် ဘဏ်၏အကြီးတန်း စာရေးဦးကြည်စင်ငြိမ်းနှင့် အငယ်တန်းစာရေး ဒေါ်ခင်မို့မို့အောင်တို့ သည် မြိတ်မြို့သို့ ငွေကျပ် ၂၁၉၅ သိန်းအားလွှဲရန် ရှိသည်ဟု အဆောင်ကောင်းကုမ္ပဏီမှ ဖုန်းဆက်သဖြင့် ဘဏ်မှ ကားဖြင့်သွား ရောက်လက်ခံယူဆောင်ခဲ့ပြီးနောက် တောင်ဥက္ကလာပမြို့နယ်၊ ၁၅ ရပ်ကွက်၊ မြင်သာ ၂ လမ်းရှိ ဘဏ်အကြီးတန်းစာရေး ဦးကြည်စင်ငြိမ်း၏ နေအိမ်သို့ နေလည်စာစားရန် သွားခဲ့စဉ် မြင်သာ ၂ လမ်းအတွင်းကားများပိတ်နေသဖြင့် ကားမောင်းသူရာဇာထက်မှ ကားအား နေရာရွှေ့မည်ဟုပြော၍ ထွက်သွားရာမှ ပြန်လည်ရောက်ရှိလာခြင်း မရှိခဲ့ကြောင်း သိရသည်။

ကားမောင်းလူ ပြန်မလာသည့်အတွက် ဘဏ်ရုံးချုပ်သို့ ဖုန်းဆက်အကြောင်းကြားခဲ့ပြီး ရှာဖွေမှုပြုလုပ်ခဲ့ရာ တောင်ဥက္ကလာ ၇ ရပ်ကွက် ရာဇာသူရ ၄ လမ်းတွင် ကားအားပြန်လည်တွေ့ရှိသော်လည်း  ပိုက်ဆံများနှင့် ကားမောင်းသူ မတွေ့ရှိတော့သဖြင့် ကားမောင်းသူရာဇာထက်အား တောင်ဥက္ကလာပ မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

ကောင်းကောင်း

  •  

 

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/05/08/a52f018698/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5月 8, 2022 7:44 上午
下一篇 5月 8, 2022 7:44 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....