Myancopharm ကိုဗစ်-၁၉ကာကွယ်ဆေး စတင်ထိုးနှံ

မြန်မာနိုင်ငံတွင် ထုပ်ပိုးထုတ်လုပ်သည့် Myancopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်အသုံးပြု ထိုးနှံ

Myancopharm ကိုဗစ်-၁၉ကာကွယ်ဆေး စတင်ထိုးနှံ

ကျန်းမာရေးဝန်ကြီးဌာနသည် စက်မှုဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆေးဝါးစက်ရုံတွင် Ready to fill (RTF) စနစ်ဖြင့် ထုတ်လုပ်သည့် Myancopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စုစုပေါင်း (၁)သန်း doses ကို လွှဲပြောင်းလက်ခံရရှိခဲ့ပြီးဖြစ်သဖြင့် Myancopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သတ်မှတ်ဦးတည်အုပ်စုများအတွင်း စတင်အသုံးပြုထိုးနှံလျက်ရှိကြောင်း သိရသည်။


Myancopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသည် စက်မှုဝန်ကြီးဌာနအနေဖြင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ Sinopharm China National Biotec Group (Sinopharm CNBG) နှင့် ပူးပေါင်း၍ ထုပ်ပိုးထုတ်လုပ်ထားခြင်း ဖြစ်ပြီး အသက် ၅ နှစ်အရွယ်မှ စတင်ထိုးနှံနိုင်ပြီး ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များကိုပါ ဘေးကင်း စိတ်ချစွာထိုးနှံနိုင်သည့် ကာကွယ်ဆေးဖြစ်သည်။ ထို့အပြင် အသက် ၁၈ နှစ်နှင့်အထက် မိဘပြည်သူများကို ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) အဖြစ်လည်း ဘေးကင်းစိတ်ချစွာ အသုံးပြုထိုးနှံနိုင်သည်ဟုဆိုသည်။

Myancopharm ကိုဗစ်-၁၉ကာကွယ်ဆေး စတင်ထိုးနှံ

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် မေလ (၄)ရက် နံနက်ပိုင်း တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ခုတင် (၅၀)ဆံ့ ဇဗ္ဗူသီရိဆေးရုံ၌ Myancopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ကောင်းကောင်း

  •  

 

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/05/08/aaa7505b78/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5月 8, 2022 7:44 上午
下一篇 5月 8, 2022 7:45 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....