တရုတ်နိုင်ငံသားလူကုန်ကူးမှုဖြင့်ထောင်ဒဏ်၃နှစ်ချ

အသက်မပြည့်သေးသည့်မိန်းကလေးကို တရုတ်နိုင်ငံသားက သံရုံး၊ တရားရုံး၏ ခွင့်ပြုချက်မရှိဘဲ သားမယားအဖြစ် ပေါင်းသင်းနေထိုင်သဖြင့် လူကုန်ကူးမှုဖြင့် ထောင်ဒဏ်သုံးနှစ်ချမှတ်

တရုတ်နိုင်ငံသားလူကုန်ကူးမှုဖြင့်ထောင်ဒဏ်၃နှစ်ချ

 

အသက်မပြည့်သေးသည့် မိန်းကလေးကို တရုတ်နိုင်ငံသားက သံရုံး၊ တရားရုံး၏ခွင့်ပြုချက်မရှိဘဲ သားမယားအဖြစ် ပေါင်းသင်းနေထိုင်သဖြင့် လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်သုံးနှစ် အမိန့်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

အလားတူ လက်ထပ်ထိမ်းမြားရန် ပြောဆိုစည်းရုံးပေးသူ အမျိုးသမီးကိုလည်း လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၂၆/ ၃၂ အရ အလုပ်နှင့် ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့သည်ဟုသိရသည်။

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အလယ်ရွာနေ မလှလှနွယ်(ခ) မမာယာနွယ်က ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်နေ မ …(၁၇) နှစ် ကို ၎င်းအလုပ်ရှင်ဖြစ်သည့် တရုတ်နိုင်ငံသား Yangxiaq Ming (ခ) ရောင်မြင့်က ချစ်ကြိုက်နေကြောင်း၊ ပေါင်းသင်းပါက ငွေကျပ် သိန်း ၁၅၀ ရမည်ဟု ပြောဆိုစည်းရုံး၍ တရုတ်နိုင်ငံသား Yangxiaq Ming (ခ) ရောင်မြင့်က သံရုံး၊ တရားရုံးတို့၏ ခွင့်ပြုချက်မရှိဘဲ သားမယားအဖြစ် ပေါင်းသင်းနေထိုင်ခဲ့သဖြင့် လှိုင်သာယာမြို့မရဲစခန်း (ပ) ၂၄၂၆/ ၂၀၁၉၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/ ၃၂ ဖြင့် အမှုရေးဖွင့်၍ မြောက်ပိုင်း ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ တရုတ်နိုင်ငံသား Yangxiaq Ming(ခ) ရောင်မြင့်နှင့် မလှလှနွယ် (ခ)မာယာနွယ်တို့ကို မေ ၃ ရက်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၂၆/ ၃၂ အရ အလုပ်နှင့် ထောင်ဒဏ်သုံးနှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ကောင်းကောင်း

 

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/05/08/b9d2af10fb/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5月 8, 2022 7:45 上午
下一篇 5月 15, 2022 2:14 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....