ဆိုင်ကလုန်းမုန်တိုင်း“အာစန်နီ(Asani)”လက်ရှိအခြေအနေ

ဆိုင်ကလုန်းမုန်တိုင်း “အာစန်နီ(Asani)”၏ လက်ရှိ အခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေး

ဆိုင်ကလုန်းမုန်တိုင်း“အာစန်နီ(Asani)”လက်ရှိအခြေအနေ

ဆိုင်ကလုန်းမုန်တိုင်း(Cyclonic storm) “အာစန်နီ(Asani)”၏ လက်ရှိ အခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိ ပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မေလ (၈) ရက်နေ့ ည (၈) နာရီ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မေလ (၈) ရက်နေ့ ညနေ(၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း (Cyclonic storm) “အာစန်နီ(Asani)” သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယား(Port Blair)၏ အနောက်ဘက် ရေမိုင်(၂၇၀)မိုင်ခန့်၊ ဗီဆာကာပတ္တနမ်မြို့(Vishakhapatnam)၏ အရှေ့တောင် ဘက် ရေမိုင်(၄၅၀)မိုင်ခန့်၊ ပူရီမြို့(Puri)၏ တောင်-အရှေ့တောင်ဘက် ရေမိုင်(၄၈၅)မိုင်ခန့်၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်- အနောက်တောင်ဘက် ရေမိုင်(၃၃၀)မိုင်ခန့်နှင့် ဟိုင်းကြီးကျွန်းမြို့ (Hainggyikyun) ၏ အနောက်တောင်ဘက် ရေမိုင်(၄၃၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟို ပြုနေသည်။

ဆိုင်ကလုန်းမုန်တိုင်း“အာစန်နီ(Asani)”လက်ရှိအခြေအနေ

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic storm) “အာစန်နီ(Asani)”သည် မြန်မာ စံတော်ချိန်(၁၇:၃၀)နာရီ အချိန်တွင် မြောက်လတ္တီကျု(၁၂.၀)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၈.၂)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၆)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅)မိုင်မှ မိုင်(၅၀)နှုန်းခန့် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic storm) “အာစန်နီ(Asani)”သည် နောက် (၆)နာရီအတွင်း ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း၌ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) “အာစန်နီ(Asani)”အဖြစ်သို့ ရောက်ရှိနိုင်ပြီး၊ အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ၊ (၁၀.၅.၂၀၂၂) ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ် လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ အင်ဒရာ ပရာဒေ့ရှ်မြောက်ပိုင်းကမ်းလွန်-ဩရိဿကမ်းခြေ)သို့ ရောက်ရှိနိုင်ကာ ထိုမှတစ်ဆင့် မြောက်-အရှေ့မြောက်ဘက်သို့ကွေ့ပြီး ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်းလွန်)သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ရှမ်းချန်

  •  

 

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/05/15/a062d66ad9/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5月 8, 2022 7:51 上午
下一篇 5月 16, 2022 10:28 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....