PyinOoLwinရှိအစိုးရပိုင်မြေကွက်ရောင်းလျှင်အရေးယူမည်

ပြင်ဦးလွင်မြို့ရှိ အစိုးရပိုင်မြေကွက်များ လူမှုကွန်ရက်စာမျက်နှာအပါအဝင် နည်းအမျိုးမျိုးဖြင့် ရောင်းလျှင် အရေးယူမည်

PyinOoLwinရှိအစိုးရပိုင်မြေကွက်ရောင်းလျှင်အရေးယူမည်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် ရွှေနှင့် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုများ ပိုမိုရှိလာခဲ့ရာ လတ်တလောကာလအတွင်း အစိုးရက ခွင့်ပြုပေးထားတဲ့ နည်းလမ်းအတိုင်း ဆောင်ရွက်ခြင်းမရှိဘဲ ပြင်ဦးလွင်မြို့ရှိ အစိုးရပိုင်မြေကွက်များ ကွက်စိပ်ရိုက်ကာ လူမှုကွန်ရက်စာမျက်နှာအပါအဝင် နည်းအမျိုးမျိုးဖြင့် ရောင်းချမှုများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း မေ ၄ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က သတိပေးချက်များ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အစိုးရက စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေ၊ မြေလွတ်၊ မြေလပ်နဲ့မြေရိုင်းမြေ၊ လယ်ယာမြေ၊ သစ်တောမြေ၊ ကျေးရွာဘုံမြေ၊ ရွာမြေ များမှာ နိုင်ငံတော်အစိုးရက ခွင့်ပြုချထားပေးသည့် နည်းလမ်းများအတိုင်း လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိဘဲ မြေကွက်များကို ကွက်စိပ်ရိုက်ပြီး ဈေးနှုန်းသက်သာစွာနှင့် အိမ်ခြံမြေအကျိုးဆောင်များ၊ ပွဲစားများက လူမှုကွန်ရက်စာမျက်နှာတွင် ကြေညာရောင်းချနေသည်များကို တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

PyinOoLwinရှိအစိုးရပိုင်မြေကွက်ရောင်းလျှင်အရေးယူမည်

ထို့ပြင် ပုံစံ(၇) ရရှိထားသော်လည်း စည်းကမ်းချက်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခြင်းမျိုးမရှိဘဲ ကျော်လွန် ဆောင်ရွက်ခြင်း၊ လယ်ယာမြေ တခြားနည်းအသုံးပြုခွင့်လျှောက်ထားပြီး ခွင့်ပြုချက်မရရှိဘဲ မြေကွက်များ အကွက်ရိုက်ခြင်း၊ အဆောက်အဦများဆောက်လုပ်ခြင်း၊ တခြားနည်းအသုံးပြုခွင့် ရရှိထားသော်လည်း လျှောက်ထားသည့် နည်းလမ်းအတိုင်း လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိဘဲ ကျော်လွန်ဆောင်ရွက်နေခြင်းများကို တွေ့ရှိရသည်ဟု ဆိုသည်။

မြို့မြေများပေါ်ရှိ မြေငှားဂရန် အငှားချထားခံရသူများကလည်း မြေငှားဂရန်စာချုပ်ပါ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းမျိုး မရှိဘဲ ကွက်စိပ်များရိုက် ရောင်းချနေခြင်း၊ မြို့ပေါ်ရပ်ကွက်ကြီး (၂၁) ရပ်ကွက်သည် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ပါဝင်သည်ဟုဆိုကာ အဆိုပါရပ်ကွက်ကြီးများက စိုက်ပျိုးမြေများ၊ လယ်ယာမြေများ၌ နေအိမ်များ တရားဝင်ဆောက်လုပ်ခွင့် ရှိကြောင်း ပြည်သူများကို လူမှုကွန်ရက်စာမျက် နှာပေါ်ကတဆင့် ကြေညာပြီး မြေကွက်များ ရောင်းချလုပ်ဆောင်နေသည်ကိုလည်း စိစစ်တွေ့ရှိရသည်ဟု အသိပေး ကြေညာချက်တွင် ပါရှိသည်။
ထိုသို့ မြေကွက်များကို ကွက်စိပ်ရိုက်ခြင်း၊ ကွန်ကရစ်တိုင်စိုက်ထူပြီး ခြံစည်းရိုး ကာရံခြင်း၊ အုတ်တံတိုင်းအခိုင်အမာပြုလုပ်ခြင်းများ ဆောင်ရွက်နေသည့်အပေါ်  မြေအမျိုးအစားနှင့်သက်ဆိုင်သည့် ဌာနဆိုင်ရာများက ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်မှုများ ပြုလုပ်နေကြောင်းလည်း ဖော်ပြထားသည်။

ထို့ကြောင့် မြေယာ လုပ်ပိုင်ခွင့်ရရှိသူများအနေနှင့်လည်း မြေအမျိုးအစားအလိုက် နိုင်ငံတော်က ခွင့်ပြုပေးထားသည့် စည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ကြရန်နှင့် လိုက်နာမှုမရှိပါက သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေး ကြေညာချက်တွင် ဖော်ပြထားသည်။

ကိုခန့်

  •  

 

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/05/15/ad4d07d54d/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5月 8, 2022 7:51 上午
下一篇 5月 16, 2022 10:28 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....