မြန်မာ-ဝမ်ပေါင်ကြေးနီစီမံကိန်း2021ကတည်းကယာယီရပ်ဆိုင်း

မြန်မာ-ဝမ်ပေါင် ကြေးနီစီမံကိန်းကို ၂၀၂၁ခု ဖေဖော်ဝါရီလကတည်းက ယာယီရပ်ဆိုင်းထားသည်ဟု သတင်းထုတ်ပြန်

မြန်မာ-ဝမ်ပေါင်ကြေးနီစီမံကိန်း2021ကတည်းကယာယီရပ်ဆိုင်းမြန်မာ-ဝမ်ပေါင်ကြေးနီစီမံကိန်း2021ကတည်းကယာယီရပ်ဆိုင်းမြန်မာ-ဝမ်ပေါင်ကြေးနီစီမံကိန်း2021ကတည်းကယာယီရပ်ဆိုင်း

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် မြန်မာ-ဝမ်ပေါင် ကြေးနီစီမံကိန်းကို ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလကတည်းက ယာယီရပ်ဆိုင်းထားကြောင်း Myanmar Wanbo Mining Copper Ltd. Myanmar Yangtse Copper Ltd. ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

ပြည်သူဗဟိုပြုခြင်းနှင့် ဖွံဖြိုးတိုးတက်စေရေးသည် ဝမ်ပေါင်မိုင်းနင်း၏ အဓိက တန်ဖိုးထားရှိမှုဖြစ်ကြောင်း ကုမ္ပဏီ၏ Deputy General Manager Dong Shiyong လက်မှတ်ရေးထိုး ထုတ်ပြန်ထားသော လက်ရှိအခြေအနေအပေါ် သတင်းထုတ်ပြန်ချက်တွင် တွေ့ရသည်။

ယာယီရပ်ဆိုင်းထားချိန်မှစ၍ ကုမ္ပဏီဝန်ထမ်းများအားလုံးကို အခြေခံလုပ်ခပေးဝေသည့်အပြင် ဝန်ထမ်းမိသားစုများအတွက် Contribution Plan ဟူသည့် ထောက်ပံ့ကြေးများကို ဆက်လက်ပံ့ပိုးနေကြောင်း သိရသည်။

ယခုကာလအတွင်း ကုမ္ပဏီဝန်ထမ်းအများစုသည် မိမိနေအိမ်တွင် နားနေကြပြီး အရေးကြီးလုပ်ငန်းခွင်တွင် တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းတစ်ဖွဲ့သည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းကို ဆောင်ရွက်ရန်အတွက် စေတနာဖြင့် မိုင်းလုပ်ငန်းခွင်အတွင်းရှိ Leaching Pad ပုံများ၊ ကန်များမှ အထူးသဖြင့် မိုးရာသီတွင် အနီးအနားသို့ ရေမလျှံအောင် ကာကွယ်နေခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် တွေ့ရသည်။

ယခုအချိန်အထိ စီမံကိန်းအနီးဒေသ လူမှုဖွံ့ဖြိုးရေးလုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ(၂၀.၅၅)သန်းကျော် ရင်းနှီးမြုပ်နှံပြီး Contribution Plan အတွက် ကျပ်(၈.၄၇)ဘီလီယံကို ပေးချေထားပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါသတင်းထုတ်ပြန်ချက်တွင် SME ဖွံဖြိုးတိုးတက်ရေး၊ အလုပ်သမားများ၏ စွမ်းဆောင်ရည်မြှင့်တင်မှု၊ ရပ်ရွာလူထုများ သန့်ရှင်းသောသောက်ရေ သုံးရေပံ့ပိုးမှု၊ ဆေးရုံဆေးခန်းများလှုဒါန်းမှု၊ ရပ်ရွာလူထုကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှု၊ ပညာရေးထောက်ပံ့မှုနှင့် သက်ကြီးရွယ်အိုစောင့်ရှောက်မှု
များကို အချက်အလက်များဖြင့် ဖော်ပြထားသည်။

ကုမ္ပဏီအနေဖြင့် လာမည့် မုတ်သုန်ရာသီတွင် သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးကို ဦးစားပေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်၏ နိဂုံးချုပ်အပိုင်းတွင် ဖော်ပြထားသည်။

စျာန်ထူးကို

  •  

 

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/05/15/b8a362bde3/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5月 8, 2022 7:51 上午
下一篇 5月 16, 2022 10:28 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....