တရုတ်-မြန်မာနယ်စပ် ကျယ်ခေါင်မြစ်သန့်ရှင်းရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်
မကြာသေးမီရက်ပိုင်းက တရုတ်နိုင်ငံ ရွှေလီမြို့ ကျယ်ခေါင်နယ်စပ်ကုန်သွယ်ရေးဇုန်နှင့် မြန်မာနိုင်ငံ မူဆယ် စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းကာ ကျယ်ခေါင်မြစ် သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ခဲ့ကြကြောင်း မင်္ဂလာမဂ္ဂဇင်း၏ သတင်းဖော်ပြမှုအရ သိရသည်။
ယခုအကြိမ် မြစ်ရှင်းလင်းရေးလုပ်ငန်းတွင် လုပ်သားဦးရေ ၅၀ ကျော်နှင့် မြေတူးစက် ၁ စီးကို စေလွှတ်ကာ မြစ်ရေကြောင်းအတွင်း အမှိုက်နှင့် နှုန်းသန့်ရှင်းသော ကုဗမီတာ ၅၀၀၀ ကျော်ရှိပြီး သန့်စင်သော ရေဧရိယာသည် စတုရန်းမီတာ ၃၀၀၀ ခန့်ရှိသည်။
ရွှေလီမြို့ ကျယ်ခေါင်နှင့် မြန်မာနိုင်ငံ မူဆယ်ဒေသတို့ ထိစပ်သော နယ်နိမိတ်မျဥ်းမှာ ၄.၁၈၆ ကီလိုမီတာ ရှည်လျားပါသည်။ ကျယ်ခေါင်၏ လူနေမှုပတ်ဝန်းကျင်မြှင့်တင်စေရန်၊ မြစ်ရေကြောင်း စီမံရေးလုပ်ငန်းကို ဖော်ဆောင်ရန်နှင့် ကျယ်ခေါင်မြစ် ရေလျှံရာသီတွင် ဘေးကင်းစေရန် ရွှေလီမြို့ ကျယ်ခေါင်နယ်စပ်ကုန်သွယ်ရေးဇုန်နှင့် ကျယ်ခေါင်တည်ဆောက်ရေးဌာနခွဲတို့သည် မြန်မာနိုင်ငံ မူဆယ်စည်ပင်နှင့်အတူ ချိတ်ဆက်ကာ ကျယ်ခေါင်မြစ် မြစ်ညာဒေသ၏ အမှိုက်နှင့် နှုန်း သန့်စင်ရေးလုပ်ငန်းကို အတူကတွ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/05/16/%e1%80%80%e1%80%bb%e1%80%9a%e1%80%ba%e1%80%81%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%99%e1%80%bc%e1%80%85%e1%80%ba%e1%80%9e%e1%80%94%e1%80%b7%e1%80%ba%e1%80%9b%e1%80%be%e1%80%84%e1%80%ba%e1%80%b8/