တရုတ်မှလှူဒါန်းသည့်Sinopharm ၅ သန်း ရောက်ရှိ

Summary : တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံသို့ လှူဒါန်းပေးအပ်သည့် Sinopharm ကိုဗစ်-၁၉ Vaccine အကြိမ်ရေ (Doses) ၁၀ သန်းထဲမှ ၅ သန်းသည် မေလ ၁၈ ရက်နေ့ နံနက်အစောပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပို့ဆောင်ရောက်ရှိကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။

တရုတ်နိုင်ငံမှ လှူဒါန်းသည့် Sinopharm ကိုဗစ်-၁၉ Vaccine အကြိမ်ရေ (Doses) ၁၀ သန်းထဲမှ ၅ သန်း ရောက်ရှိ

တရုတ်မှလှူဒါန်းသည့်Sinopharm ၅ သန်း ရောက်ရှိ

တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံသို့ လှူဒါန်းပေးအပ်သည့် Sinopharm ကိုဗစ်-၁၉ Vaccine အကြိမ်ရေ (Doses) ၁၀ သန်းထဲမှ ၅ သန်းသည် မေလ ၁၈ ရက်နေ့ နံနက်အစောပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပို့ဆောင်ရောက်ရှိကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။

အဆိုပါလေယာဉ်နှင့်အတူ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် Vaccine ဆေးထိုးအပ် ၁.၉၈ သန်းလည်း ပို့ဆောင် ရောက်ရှိခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ စီးပွားရေးသံမှူး Mr. Tan Shufu နှင့် မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချူပ် ဒေါက်တာမြင့်မြင့်သန်း တို့က လာရောက် ကြိုဆိုခဲ့ကြသည်။

ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားချိန်မှစ၍ တရုတ်နိုင်ငံသည် “ပြည်သူသည် အဓိက၊ အသက်သည် အဓိက” ဟူသော ကပ်ရောဂါကာကွယ်ရေးအတွေးအခေါ်နှင့် တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း စိတ်ဓာတ်ကို လက်ကိုင်စွဲပြီး မြန်မာနိုင်ငံနှင့်အတူ ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုများ တက်တက်ကြွကြွ ဆောင်ရွက်လျက်ရှိလျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

တရုတ်မှလှူဒါန်းသည့်Sinopharm ၅ သန်း ရောက်ရှိတရုတ်မှလှူဒါန်းသည့်Sinopharm ၅ သန်း ရောက်ရှိတရုတ်မှလှူဒါန်းသည့်Sinopharm ၅ သန်း ရောက်ရှိ

မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံထုတ် Vaccine စုစုပေါင်း ၄၆.၁၉ သန်း ထောက်ပံ့ပေးခဲ့ရာ မြန်မာနိုင်ငံမှ ရရှိသော Vaccine စုစုပေါင်းအရေအတွက်၏ ၆၅.၁% ရှိပါသည်။ ၎င်းအနက် ၁၆.၁ သန်းသည် လှူဒါန်းပေးအပ်ခြင်း ဖြစ်ပြီး ၃၀.၀၉ သန်းသည် သက်သာသောစျေးနှုန်းဖြင့် မြန်မာနိုင်ငံသို့ ထောက်ပံ့ပေးခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ ပြည်တွင်း၌ Vaccine ပုလင်းသွင်း ဖြည့်တင်းထုတ်လုပ်နိုင်ရန်လည်း ကူညီပေးခဲ့ရာ နှစ်ဦးနှစ်ဖက် ပူးပေါင်းထုတ်လုပ်သည့် Myancopharm Vaccine ကို စတင်ထိုးနှံပေးနေပြီ ဖြစ်ကြောင်း သိရသည်။

မြသုခ

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/05/19/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%99%e1%80%be%e1%80%9c%e1%80%be%e1%80%b0%e1%80%92%e1%80%ab%e1%80%94%e1%80%ba%e1%80%b8%e1%80%9e%e1%80%8a%e1%80%b7%e1%80%basinopharm-%e1%81%85-%e1%80%9e/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5月 16, 2022 10:28 上午
下一篇 5月 19, 2022 10:20 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....