တရုတ်သံရုံးက မေရီချက်ပ်မင်းကျောင်းသို့ ၂၀၂၂ ခုနှစ်နွေရာသီသင်တန်း စာသင်ကြားမှုနှင့် နေထိုင်မှုများအတွက် ထောက်ပံ့ကူညီ
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် မေရီချက်ပ်မင်း နားမကြားသောကလေးများကျောင်း၏ ယခုပညာသင်နှစ်နှင့် ၂၀၂၂ ခုနှစ် နွေရာသီသင်တန်း စာသင်ကြားမှုနှင့် နေထိုင်မှုများအတွက် အင်တိုက်အားတိုက် ထောက်ပံ့ကူညီပေးခဲ့ကြောင်း တရုတ်သံရုံး၏ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တရုတ်သံရုံးသည် ကျောင်းရှိဆရာဆရာမနှင့် ကျောင်းသားကျောင်းသူများ အတွက် မြန်မာကျပ်ငွေ ၂၅,၄၃၅,၀၀၀ တန်ဖိုးရှိ စားသောက်ကုန်များ လှူဒါန်းပေးအပ်ခဲ့သည်။
၂၀၁၈ ခုနှစ်မှစ၍ မေရီချက်ပ်မင်း နားမကြားသောကလေးများကျောင်းထံသို့ စားသောက်ကုန်များ လှူဒါန်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရှမ်းချန်
Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/05/19/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%9e%e1%80%b6%e1%80%9b%e1%80%af%e1%80%b6%e1%80%b8%e1%80%80%e1%80%99%e1%80%b1%e1%80%9b%e1%80%ae%e1%80%81%e1%80%bb%e1%80%80%e1%80%ba%e1%80%95%e1%80%ba/