မြေပဲဆံဈေး ပြန်လည်မြင့်တက်လာ

စားအုန်းဆီလက်ကျန်နည်းလာခြင်းကြောင့် မြေပဲဆံဈေး ပြန်လည်မြင့်တက်လာ

 

မြေပဲဆံဈေး ပြန်လည်မြင့်တက်လာ

မြေပဲဆံကို ပြည်ပတင်ပို့မှု ကန့်သတ်ချက်များကြောင့် ဈေးကွက် အတွင်း ရက်အနည်းငယ်ဈေး ကျဆင်းသွားရာ ပြည်တွင်း၌ စားအုန်းဆီ လက်ကျန်နည်းကာ မြေပဲဆီဈေးမြင့်တက်လာတာကြောင့် မြေပဲဆံဈေးမှာ ယခင် အမြင့်ဈေး ကို ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။  


မေ ၁၂ရက်တွင် လုံးဆံတစ်ပိဿာ ငွေကျပ်၃၈၀၀ ပေါက်ဈေးဖြစ်လာသည်။ မြေပဲဆီပေါက်ဈေးမှာ တစ်ပိဿာ ငွေကျပ် ၈၅၀၀၊ နှမ်းဆီတစ်ပိဿာ ငွေကျပ်၈၀၀၀၊   ပြင်ပတွင် စားအုန်းဆီ တစ်ပိဿာ ငွေကျပ် ၇၀၀၀ကျော် ပေါက်ဈေး သာရှိပြီး ကုန်စည်ဒိုင်အတွင်း အရောင်းအဝယ် မရှိကြောင်း သိရသည်။

ပဲမျိုးစုံဈေးကွက်တွင် ပြည်တွင်းသုံး ကုလားပဲများ အရောင်းအဝယ် ပုံမှန်သာ ရှိပြီး ပို့ကုန်ပဲများ ဈေးငြိမ်ကြောင်း ပဲနှမ်းကုန်သည်များထံမှ သိရ သည်။

ပြည်တွင်းသုံးကုလားပဲအုပ်စု နှင့် ပဲတီစိမ်း ဈေးကွက်မှာ ပုံမှန် အရောင်းအဝယ်ကောင်းနေသော်လည်း ပြည်တွင်းမြေပဲဆံဈေးကွက်မှာ နိုင်ငံခြားတင်ပို့မှုကန့်သတ်ချက်ကြောင့် ရက်ပိုင်းအတွင်း ဈေးကျဆင်းသွားရာမှာ ပုံမှန်ဈေးသို့ ပြန်လည်မြင့်တက်လာကြောင်း အခြားပဲမာလိုင်းများမှာ ဈေးအနည်းငယ် ကျဆင်းနေကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင် (ရွှေစင်သိန်းပွဲရုံ)က ပြော သည်။

“ပြည်တွင်းစားအုန်းဆီလက် ကျန်နည်းပါးလာတော့ ဈေးကွက် အတွင်းမှာ စားဆီဈေးမြင့်တက် လာပါတယ်။ စားဆီဈေးနဲ့ အတူ တင်ပို့မှုကန့်သတ်လိုက်လို့ တစ် ပိဿာငွေကျပ် ၄၀၀ လောက် ဈေးကျဆင်းသွားရာနေ ဒီရက်ပိုင်း အရင်အမြင့်ဈေးတစ်ပိဿာ ၄၀၀၀ ဝန်းကျင်ကို ပြန်ဖြစ်လာပါတယ်။ ပို့ကုန်ပဲတွေမှာ ပဲတီစိမ်းကတော့  အရောင်းအဝယ်သွက်နေပါတယ်။ ပြည်တွင်းသုံးကုလာပဲတွေမှာ ဗွီး ဆဲဗင်း ပဲကတော့  တစ်အိတ် ၁၄၅၀၀၀ထိ ဈေးမြင့်တက်လာပါ တယ်။ ပဲမာလိုင်းအားလုံး ဈေးငြိမ် နေပါတယ်”ဟု ၎င်းက ပြောသည်။  

ရွှေနွယ်ကြိုး

  •  

 

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/05/19/17678d5a94/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5月 19, 2022 10:22 上午
下一篇 5月 21, 2022 10:13 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....