တာလီမှပေါင်စန်းအထိ ရထားလမ်းခင်းကျင်းမှုပြီးစီး

တရုတ်-မြန်မာ နိုင်ငံတကာလမ်းကြောင်းကြီး၏ အဓိကကျသော တာလီ-ရွှေလီရထားလမ်း၏ တာလီမှပေါင်စန်းအထိ ရထားလမ်းခင်းကျင်းမှုပြီးစီး

တာလီမှပေါင်စန်းအထိ ရထားလမ်းခင်းကျင်းမှုပြီးစီး

မကြာသေးမီရက်ပိုင်းက တရုတ်-မြန်မာ နိုင်ငံတကာလမ်းကြောင်းကြီး၏ အဓိကအစိတ်အပိုင်းဖြစ်သော တာလီ-ရွှေလီရထားလမ်း၏ တာလီမှပေါင်စန်းအထိ လမ်းပိုင်း၏ အခြေခံအဆောက်အအုံ၊ တံတားတည်ဆောက်ရေး လုပ်ငန်းများအားလုံး ပြီးစီးသွားပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ထုတ်ပြန်ချက်အရ သိရသည်။

တာလီ-ရွှေလီရထားလမ်း စုစုပေါင်းအရှည်သည် ၃၃၀ ကီလိုမီတာရှည်ပြီး တံတားဥမင်လိုဏ်ခေါင်း အချိုးအဆသည် ၇၆.၅% ရှိပြီး လမ်းကြောင်းတစ်လျှောက်တွင် တာလီမှပေါင်စန်း၊ ပေါင်စန်းမှရွှေလီအထိ အပိုင်းလိုက်တည်ဆောက်သည့်ပုံစံဖြင့် ဖော်ဆောင်ထားခြင်းဖြစ်သည်။

တာလီမှပေါင်စန်းအထိ ရထားလမ်းခင်းကျင်းမှုပြီးစီး

ယခုအကြိမ် ရထားလမ်းခင်းမှုပြီးစီးသည့် တာလီမှပေါင်စန်းလမ်းပိုင်းသည် စုစုပေါင်းအရှည် ၁၃၃ ကီလိုမီတာ ရှိပြီး ဥမင်လိုဏ်ခေါင်းပေါင်း ၂၁ ခု၊ တံတား ၃၆ ခုရှိကာ တံတားဥမင်လိုဏ်ခေါင်းအချိုးအဆသည် ၈၆.၅% ရှိသည်။ မြေဆီလွှာအခြေအနေအလွန် ရှုပ်ထွေးပြောင်းလဲလွယ်သဖြင့် တည်ဆောက်မှုကာလ ၁၄ နှစ်ကြာခဲ့ကြောင်း သိရသည်။

မြသုခ

  •  

 

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/05/19/1e2aaf9294/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5月 19, 2022 10:22 上午
下一篇 5月 21, 2022 10:13 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....