စိန်တလုံးသရက်စင်ကာပူနိုင်ငံသို့တင်ပို့လျက်ရှိ

မြန်မာ့ စိန်တလုံးသရက်သီး စင်ကာပူနိုင်ငံဈေးကွက်သို့ လေကြောင်းလိုင်း၊ သင်္ဘောလိုင်းဖြင့် တင်ပို့လျက်ရှိ

စိန်တလုံးသရက်စင်ကာပူနိုင်ငံသို့တင်ပို့လျက်ရှိ

အရည်အသွေးကောင်း မြန်မာ့ စိန်တလုံးကို စင်ကာပူနိုင်ငံဈေးကွက်သို့ လေကြောင်း၊ သင်္ဘာလိုင်းတို့ဖြင့် အသီးသီး တင်ပို့လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ပလိပ်မြို့ သဇင်နွယ်သရက်ခြံမှသိရသည်။

ပြည်တွင်း အရည်အသွေးကောင်း စိန်တလုံးသရက်သီးများကို တောင်သူများထံမှ ဈေးကောင်းဝယ်ယူကာ ရိတ်သိမ်းချိန်လွန်နည်းပညာဖြင့် ဆေးကြောသန့်စင်ခြင်း၊ အရွယ်အစားခွဲခြင်း၊ မှိုရောဂါပိုးမွှားများ စနစ်တကျ သန့်စင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီး အစားအစာထုတ်ပိုးသည့် ဂျက်စက္ကူဖြင့်ထုတ်ပိုးကာ အအေးခန်းစနစ်ဖြင့် နိုင်ငံတကာအဆင့်မီ ပြင်ဆင်ကာတင်ပို့လျက်ရှိသည်။

ထိုသို့စနစ်တကျ တင်ပို့ခြင်းကြောင့် စင်ကာပူဈေးကွက်တွင် အခြားနိုင်ငံများ၏ သရက်သီးများနှင့် အပြိုင်ဈေးကွက်ထိုးဖောက်နိုင်ရန် ရည်ရွယ်တင်ပို့ခြင်းဖြစ်သဖြင့် အကျိုးအမြတ်နည်းသော်လည်း ပြည်တွင်းတောင်သူများ သရက်သီးဈေးကောင်းရရှိအောင် ကူညီပေးနိုင်သည့်အတွက် ဝမ်းသာကြောင်း သဇင်နွယ်သရက်ခြံ မန်နေဂျာ ဦးဌေးအောင်က ပြောသည်။

“စင်ကာပူလေကြောင်းလိုင်းနဲ့က အရင်ကလည်း တင်ပို့ခဲ့ပါတယ်။ ကိုဗစ်-၁၉ ရောဂါကြောင့် မနှစ်ကတော့ မတင်ပို့နိုင်ခဲ့ပေမယ့် အရင်ဝယ်လက်ဟောင်းတွေနဲ့ပဲ အခု ပြန်တင်ပို့နေတာပါ။ တောင်သူတွေ တရုတ်ဈေးကွက်မှာ တွက်ခြေမကိုက်ပေမယ့် အရည်အသွေးကောင်းရင် ကောင်းသလို ဈေးကောင်းပေး ဝယ်ပါတယ်။ သဇင်နွယ်အနေက သရက်သီးကို အရည်အသွေးအလိုက် အကုန်ဝယ်ပေးတာဖြစ်လို့ လာရောင်းတဲ့ တောင်သူတွေအတွက် အသီးတိုင်း ငွေဖြစ်ပါတယ်။ သရက်သီးတွေကို အရွယ်အစားအလိုက် ပို့ကုန်တင်တာတင် ပြည်တွင်းရောင်းတာရောင်း၊ သရက်သီးအနှစ်အတွက်လည်း ဝယ်ယူပေးတာဖြစ်လို့ တောင်သူတွေ အဆင်ပြေစေပါတယ်။ အကျိုးအမြတ်ထက် ပြည်တွင်းစိန်တလုံးကို နိုင်ငံတကာဈေးကွက်မှာ ပေါက်စေချင်တာပါ။ ဒါမှ ရေရှည်မှာ သရက်တောင်သူတွေ ဈေးကွက်အသစ်နဲ့ ဈေးကောင်းရရှိမှာပါ။ ထုတ်ပိုးတင်ပို့မှုစနစ်တွေကိုတော့ နိုင်ငံတကာအဆင့်မီ ပြုပြင်တင်ပို့ရပါတယ်” ဟု ၎င်းကပြောသည်။

ပြည်တွင်းသရက်သီးများ တရုတ်နိုင်ငံဈေးကွက်၊ စင်ကာပူနိုင်ငံ ဈေးကွက်များသို့ တင်ပို့နိုင်မှသာ သရက်တောင်သူ၊ ပို့ကုန်သမား၊ ခြံလုပ်သားများ၊ သယ်ယူပို့ဆောင်ရေး ကွင်းဆက်တစ်ခုလုံး အလုပ်အကိုင် အခွင့်အလမ်းရရှိအဆင်ပြေကြမည်ဖြစ်သည်။

ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုနှင့် နိုင်ငံရေးအပြောင်းအလဲများကြောင့် ယခုနှစ်တွင် တောင်သူများ သရက်ခြံ ပြုပြင်မှုနည်းပါးခြင်း၊ သွင်းအားစုလုပ်သားခ၊ စက်သုံးဆီဈေးများမြင့်တက်လာခြင်းကြောင့် ခြံစရိတ် ပိုမိုကုန်ကျထားခြင်း နှစ်စဉ် (GAP) လက်မှတ်လျှောက်ထားမှုများပင် ရပ်နားထားလိုက်ရကြောင်း သရက် တောင်သူများထံမှ သိရသည်။

ရွှေနွယ်ကြိုး

  •  

 

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/05/19/4a7b3a5331/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5月 19, 2022 10:22 上午
下一篇 5月 21, 2022 10:13 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....