၃၁ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၌ မြန်မာအသင်းအတွက် ပထမဆုံး ရွှေတံဆိပ်ဆု စတင်ရရှိ
ဗီယက်နမ်နိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် ၃၁ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(ဆီးဂိမ်း)တွင် မြန်မာနိုင်ငံမှ ပထမဆုံး ရွှေတံဆိပ်ဆုအား စတင်ရရှိခဲ့ကြောင်း သတင်းများအရ သိရသည်။
အဆိုပါ ပထမဆုံးရွှေတံဆိပ်ဆုအား KURASH အားကစားနည်းမှ စတင်ရရှိခဲ့ခြင်းဖြစ်ကာ မြန်မာအားကစားသမား မအေးအေးအောင်မှ အမျိုးသမီး +87Kg တန်းမှရရှိခဲ့ခြင်းဖြစ်သည်။
ယင်း KURASH အားကစားနည်းမှ မြန်မာနိုင်ငံအတွက် ကြေးတံဆိပ်ဆုကိုလည်း အမျိုးသမီးအားကစားသမား မခင်ခင်စု မှ +48 Kg တန်းတွင် မေ ၁၀ ရက် နေ့က ရရှိထားခဲ့ကြောင်း သိရသည်။
ရှမ်းချန်
Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/05/19/e6a56e39e4/