ဦးချမ်းအေးASEAN-China Cooperation Forumဆွေးနွေးပွဲတက်ရောက်

Summary : နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး သည် မေလ ၂၀ ရက်နေ့၊ နံနက် (၀၈၃၀)နာရီအချိန်တွင် ဗွီဒီယိုကွန်ဖရန့်စနစ်ဖြင့် ပြုလုပ်သည့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်ဆိုင်ရာ အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဂျကာတာဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးသည် အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဆွေးနွေးပွဲသို့ တက်ရောက် အဖွင့်မိန့်ခွန်း ပြောကြား

ဦးချမ်းအေးASEAN-China Cooperation Forumဆွေးနွေးပွဲတက်ရောက်

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး သည် မေလ ၂၀ ရက်နေ့၊ နံနက် (၀၈၃၀)နာရီအချိန်တွင် ဗွီဒီယိုကွန်ဖရန့်စနစ်ဖြင့် ပြုလုပ်သည့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်ဆိုင်ရာ အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဂျကာတာဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဂျကာတာဆွေးနွေးပွဲကို အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် အာဆီယံဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးတို့မှ ကြီးမှူး၍ အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးရာမူဝါဒ အသိုက်အဝန်းနှင့် ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး အာဆီယံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ သက်ဆိုင်ရာဝန်ကြီးဌာနမှ အရာထမ်းများ၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်တွင် ကျွမ်းကျင်သူများ၊ ပညာရှင်များနှင့် အာဆီယံအမြဲတမ်း ကိုယ်စားလှယ်များကော်မတီမှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် သက်ဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ဦးချမ်းအေးASEAN-China Cooperation Forumဆွေးနွေးပွဲတက်ရောက်

ဆွေးနွေးပွဲတွင် အမြဲတမ်းအတွင်းဝန်မှ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး၊ ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အင်ဒိုနီးရှားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝါရင့် သံအမတ်ကြီး၊ ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်း အတွင်းဝန်နှင့် အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ်တို့က အဖွင့်မိန့်ခွန်းများ ပြောကြားခဲ့ကြသည်။

ဆက်လက်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ စီးပွားရေးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ကုလသမဂ္ဂ အာရှပစိဖိတ်ရေးရာ စီးပွားရေးနှင့်လူမှုရေး ကော်မရှင်၊ စာရင်းအင်းဌာန၊ စာရင်းအင်း အချက်အလက်များစီမံခန့်ခွဲမှု ဌာနအကြီးအကဲ တို့ကလည်း keynote presentations များ ပြုလုပ်ခဲ့ကြပါသည်။

အမြဲတမ်းအတွင်းဝန်က အဖွင့်မိန့်ခွန်းပြောကြားရာတွင် ကမ္ဘာ့ စီးပွားရေးပြန်လည်နာလန်ထူရေးတွင် ကိုဗစ်-၁၉ ကူးစက်မှု၊ ဈေးကွက်တွင် လုပ်သားအင်အား စိန်ခေါ်မှုများ ဆက်လက်ရှိနေမှု၊ ကုန်စည်စီးဆင်းမှုတွင် အခက်အခဲများ ဆက်လက်ရှိနေခြင်းနှင့် ကုန်ဈေးနှုန်း ဆက်လက် ကြီးမြင့်နေမှုကဲ့သို့ စိန်ခေါ်မှုများကို ရင်ဆိုင်နေရကြောင်း၊ ထို့အတူ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် ၂၀၃၀ ကို အကောင်အထည်ဖော် ဆောင်ရာတွင်လည်း စိန်ခေါ်မှုအသစ်များနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ အဆိုပါ စိန်ခေါ်မှုများကို ဖြေရှင်းရန် ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ကြ ရန် အမြဲတမ်းအတွင်းဝန်က တိုက်တွန်းခဲ့ကြောင်း သိရသည်။

ကောင်းကောင်း
Source: MOFA

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/05/21/%e1%80%a6%e1%80%b8%e1%80%81%e1%80%bb%e1%80%99%e1%80%ba%e1%80%b8%e1%80%a1%e1%80%b1%e1%80%b8asean-china-cooperation-forum%e1%80%86%e1%80%bd%e1%80%b1%e1%80%b8%e1%80%94%e1%80%bd%e1%80%b1%e1%80%b8%e1%80%95/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5月 21, 2022 10:13 上午
下一篇 5月 21, 2022 10:16 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....