ကျင်စန်းကျော့ဂိတ်ကုန်ပို့ဆောင်ရေးကောင်းမွန်လာ

Summary : မြန်မာ-တရုတ် နှစ်နိုင်ငံ သက်ဆိုင်ရာဌာနများ၏ အတူတကွကြိုးပမ်းမှုဖြင့် ကျင်စန်းကျော့ နယ်စပ်ဂိတ် ကုန်ပစ္စည်းပို့ဆောင်ရေးသည် တည်ငြိမ်စွာ ပြန်လည်ကောင်းမွန်လာခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်သည်။

မြန်မာ-တရုတ်နယ်စပ် ကျင်စန်းကျော့ဂိတ် ကုန်ပစ္စည်းပို့ဆောင်ရေး တည်ငြိမ်စွာ ပြန်လည်ကောင်းမွန်လာခဲ့

ကျင်စန်းကျော့ဂိတ်ကုန်ပို့ဆောင်ရေးကောင်းမွန်လာ

မြန်မာ-တရုတ် နှစ်နိုင်ငံ သက်ဆိုင်ရာဌာနများ၏ အတူတကွကြိုးပမ်းမှုဖြင့် ကျင်စန်းကျော့ နယ်စပ်ဂိတ် ကုန်ပစ္စည်းပို့ဆောင်ရေးသည် တည်ငြိမ်စွာ ပြန်လည်ကောင်းမွန်လာခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်သည်။

မြန်မာ-တရုတ်နှစ်နိုင်ငံ သက်ဆိုင်ရာဌာနတို့ ညှိနှိုင်းဆွေးနွေးပြီးနောက် ပြီးခဲ့သည့်သီတင်းပတ်မှ စတင်၍ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ကုန်ပစ္စည်းတင်ပို့သည့် ကုန်တင်ယာဉ်များသည် တရုတ်ကုန်တင်ယာဉ်များပေါ်သို့ ပြန်လည်တင်ဆောင်ရန် မလိုအပ်ဘဲ မူဆယ် ကျင်စန်းကျော့ နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တိုက်ရိုက်ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်သဖြင့် ကုန်ပစ္စည်းများ ဆုံးရှုံးမှုကို လျော့နည်းစေပြီး သယ်ယူပို့ဆောင်ရေးစရိတ်များ များစွာ လျှော့ချနိုင်ကာ ကုန်စည်ထောက်ပံ့ပို့ဆောင်ရေး မြန်ဆန်နှုန်းကိုလည်း မြင့်မားလာစေသည်ဟုဆိုသည်။

တရုတ်-မြန်မာ နှစ်ဦးနှစ်ဖက်သည် နယ်စပ်ကပ်ရောဂါပူးတွဲကာကွယ်ထိန်းချုပ်ရေးနှင့် နယ်စပ်ကုန်သွယ်မှု ပြန်လည်ဆောင်ရွက်နိုင်ရေး တို့အတွက် လုပ်ငန်းများစွာ ဆောင်ရွက်ခဲ့ရာ ကပ်ရောဂါကာကွယ်ရေးဂိတ်များ ရှေ့တိုးခြင်း၊ မြန်မာနိုင်ငံမြောက်ပိုင်းဒေသများသို့ Vaccine များ လှူဒါန်းခြင်း၊ မူဆယ်၌ ကိုဗစ်-၁၉ ကုသရေးစင်တာ ကူညီတည်ဆောက်ပေးခြင်း၊ နယ်စပ်ဂိတ်ရှိ ဂိတ်ဖြတ်သန်းရေးစက်ပစ္စည်းများ အဆင့်မြှင့်တင် ပြုပြင်တည်ဆောက်ခြင်း စသည်တို့ကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျင်စန်းကျော့နယ်စပ်ဂိတ်သည် ယခင်က ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပိတ်ထားခဲ့ရပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း မြန်မာကုန်တင်ကားမှ တရုတ်ကုန်တင်ကားဆီသို့ ကုန်ချိန်းစနစ်ဖြင့်သာ ကူးသန်းရောင်းဝယ်ခဲ့ရသည်။ ယခုအခါ ကုန်ချိန်းရန်မလိုခြင်းကြောင့် စရိတ်များစွာသက်သာလာပြီး ကုန်ပစ္စည်းပို့ဆောင်ရေးသည် တည်ငြိမ်စွာ ပြန်လည်ကောင်းမွန်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြသုခ

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/05/21/%e1%80%80%e1%80%bb%e1%80%84%e1%80%ba%e1%80%85%e1%80%94%e1%80%ba%e1%80%b8%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%b7%e1%80%82%e1%80%ad%e1%80%90%e1%80%ba%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%95/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5月 21, 2022 10:16 上午
下一篇 5月 21, 2022 10:19 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....