စိုက်ပျိုးထွက်ကုန်များလေ့ကျင့်ရေးသင်တန်းဖွင့်ပွဲ

Summary : တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဦးစီးကျင်းပ၍ China National Research Institute of Food and Fermentation Industries Co.,Ltd မှ တာဝန်ခံကျင်းပသည့် “မြန်မာနိုင်ငံစိုက်ပျိုးထွက်ကုန်များ ထုတ်လုပ်မှုနှင့် သိုလှောင်မှုနည်းပညာလေ့ကျင့်ရေးသင်တန်း” အား ယခုရက်ပိုင်းတွင် အွန်လိုင်းမှသင်တန်းဖွင့်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံစိုက်ပျိုးထွက်ကုန်များ ထုတ်လုပ်မှုနှင့် ထိန်းသိမ်းမှုနည်းပညာ လေ့ကျင့်ရေးသင်တန်း ဖွင့်ပွဲကျင်းပ

စိုက်ပျိုးထွက်ကုန်များလေ့ကျင့်ရေးသင်တန်းဖွင့်ပွဲ

တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဦးစီးကျင်းပ၍ China National Research Institute of Food and Fermentation Industries Co.,Ltd မှ တာဝန်ခံကျင်းပသည့် “မြန်မာနိုင်ငံစိုက်ပျိုးထွက်ကုန်များ ထုတ်လုပ်မှုနှင့် သိုလှောင်မှုနည်းပညာလေ့ကျင့်ရေးသင်တန်း” အား ယခုရက်ပိုင်းတွင် အွန်လိုင်းမှသင်တန်းဖွင့်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲသို့ မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သင်တန်းသား သင်တန်းသူပေါင်း ၄၅ ဦး တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး စီးပွားရေးသံမှူး Mr. Tan Shufu က တက်ရောက်အမှာစကားပြောကြားခဲ့သည်။

စိုက်ပျိုးထွက်ကုန်များလေ့ကျင့်ရေးသင်တန်းဖွင့်ပွဲစိုက်ပျိုးထွက်ကုန်များလေ့ကျင့်ရေးသင်တန်းဖွင့်ပွဲစိုက်ပျိုးထွက်ကုန်များလေ့ကျင့်ရေးသင်တန်းဖွင့်ပွဲစိုက်ပျိုးထွက်ကုန်များလေ့ကျင့်ရေးသင်တန်းဖွင့်ပွဲ

Mr. Tan Shufu က တရုတ်-မြန်မာနှစ်နိုင်ငံသည် တောတောင်ရေမြေချင်း ဆက်စပ်လျက်ရှိပြီး “Belt and Road” နှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံအား အတူတကွတည်ဆောက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းသည် တရုတ်-မြန်မာလက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါအစိတ်အပိုင်း ဖြစ်ကြောင်း၊ တရုတ်-မြန်မာနှစ်ဦးနှစ်ဖက်သည် စိုက်ပျိုးရေးရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေးထွက်ကုန် ကုန်သွယ်ရေး၊ စိုက်ပျိုးရေးနည်းပညာ ပူးပေါင်းဆောင်ရွက်မှု၊ စိုက်ပျိုးရေးလူရည်ချွန် ကူးလူးဖလှယ်မှု၊ ကျေးလက်ဆင်းရဲနွမ်းပါးမှု လျှော့ချရေးစသည့်ကဏ္ဍများတွင် အောင်မြင်သည့်ရလဒ်များရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသ အစဉ်အလာ စိုက်ပျိုးရေးနိုင်ငံကြီး ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှုအား အမြဲတစေ တက်တက်ကြွကြွ ထောက်ခံအားပေးလျက်ရှိပြီး စားသောက်ကုန်ဘေးကင်းမှု ကြီးကြပ်ရေး၊ စိုက်ပျိုးရေးထွက်ကုန် ထုတ်လုပ်မှုနှင့် ထိန်းသိမ်းမှုနည်းပညာ၊ မျိုးကောင်းမျိုးသန့်ပျိုးထောင်ရေးအပိုင်းတို့တွင် တရုတ်နည်းလမ်းများ ထောက်ပံ့ပေးကာ တရုတ်အတွေ့အကြုံများ မျှဝေပေးလိုကြောင်း၊ ၂၀၂၀ ပြည့်နှစ် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားလာကတည်းက တရုတ်နိုင်ငံသည် လုပ်ငန်းလုပ်ဆောင်သည့်ပုံစံအသစ် ဖန်တီး၍ ဗီဒီယိုစနစ်ဖြင့် မြန်မာဘက်မှသင်တန်းသား၊ သင်တန်းသူများအတွက် အမျိုးစုံလင်သော လေ့ကျင့်ရေးနှင့် ပညာတော်သင်ဆုများ ဖော်ဆောင်ပေးခဲ့ကြောင်း၊ ယခုအကြိမ် လေ့ကျင့်ရေးသင်တန်းသည်လည်း လက်တွေ့ရလဒ်ရရှိပြီး တရုတ်-မြန်မာ စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

သင်တန်းကာလသည် ၂၁ ရက်ဖြစ်ပြီး သီးသန့်ခေါင်းစဉ်ဟောပြောပွဲ၊ ဆွေးနွေးမှု၊ အွန်လိုင်းမှ လေ့လာမှု၊ ယဉ်ကျေးမှုခံစားသိရှိမှု စသည့်နည်းလမ်းများဖြင့် သင်တန်းသား၊ သင်တန်းသူများကို တရုတ်စိုက်ပျိုးရေးထွက်ကုန်များထုတ်လုပ်သည့် အဆင့်အတန်းနှင့်အောင်မြင်မှုများအကြောင်း နားလည်သိရှိစေပြီး မြန်မာဘက်မှ စိုက်ပျိုးရေးထွက်ကုန်နှင့် စားသောက်ကုန်များ ထုတ်လုပ်သည့် စံနှုန်းအဆင့်အတန်း မြှင့်တင်ရေးအတွက် မှီငြမ်းကိုးကားမှုများပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြသုခ

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/05/21/%e1%80%85%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%95%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%91%e1%80%bd%e1%80%80%e1%80%ba%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5月 21, 2022 10:14 上午
下一篇 5月 21, 2022 10:18 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....